ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ငလျင်ဒဏ်ခံရသည့်ဝန်ထမ်းများအတွက် ဝန်ကြီးဌာနရုံး ပတ်ဝန်းကျင်အတွင်း ယာယီနေထိုင်ရန် စီစဉ်ဆောက်လုပ်နေမှုအခြေအနေများအား
လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး
နေပြည်တော်၊ ဧပြီ ၇ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဧပြီလ(၇)ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝန်ကြီးဌာနဝန်းရှေ့ မြက်ခင်းပြင်နှင့် ယာဉ်ရပ်နားနေရာ များ၌ ငလျင်ဒဏ်ခံရသည့် ဝန်ထမ်းများအတွက် ယာယီနေရာချထားနိုင်ရေး အခန်းများဖွဲ့စည်း တည်ဆောက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယာယီနေရာများအနီး ရေရရှိရေးနှင့် ယာယီသန့်စင်ခန်း များလုံလောက်စွာစီစဉ်ပေးနိုင်ရေးနှင့် အခန်းများဖွဲ့စည်းတည်ဆောက်မှုအမြန်ပြီးစီးရေး မှာကြား ပြီး ဝန်ကြီးဌာန ဝန်ထမ်းသက်သာဆိုင်အတွင်း ဝင်ရောက်ကြည့်ရှုစစ်ဆေးကာ စားသောက်ကုန် နှင့် ဝန်ထမ်းအသုံးအဆောင်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရေး မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနရုံး အနီး ရုံးဖွင့်လှစ်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများနေထိုင်နိုင်ရန် ကွန်တိန်နာ Box များ တပ်ဆင် ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အောက်ခံတိုင်များခိုင်ခန့်မှု ရှိစေရေးနှင့် အနီးပတ်ဝန်းကျင်တွင် ရေဆင်းမြောင်းများဖောက်လုပ်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူ များအားမှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့အင်အားဦးစီးဌာနရုံးဘေးရှိ ယာဉ်ရပ်နား နေရာများ၌ ဝန်ထမ်းများနေထိုင်နိုင်ရန် အခန်းများဖွဲ့စည်းတည်ဆောက်နေမှုအခြေအနေများနှင့် ရုံးများပတ်ဝန်းကျင်အတွင်း ယာယီတဲများ ဆောက်လုပ်နိုင်ရေးအတွက် မြေကွက်လပ်နေရာများ အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ မြေကွက်လပ်များအား မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်၍ ယာယီတဲများအမြန်ဆုံးဆောက်လုပ်နိုင်ရေးစီစဉ်ဆောင်ရွက်ရန်နှင့် သောက်သုံးရေ နှင့် လျှပ်စစ်မီးရရှိရေးအတွက်လည်း စနစ်တကျကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ အားမှာကြားကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.