ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းခရိုင်အတွင်းရှိ ငလျင်ဒဏ် ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အဦများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများအား အားပေးစကားပြောကြား၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ဝေငှပေးအပ်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းခရိုင်အတွင်းရှိ ငလျင်ဒဏ် ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အဦများ လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများအား အားပေးစကားပြောကြား၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ ဝေငှပေးအပ်။

 နေပြည်တော်၊ ဧပြီ  ၉  ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၉) ရက်၊ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီး ရုံးဟောင်းသို့ သွားရောက်၍ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန် သည့် မြေငလျင်ဒဏ်ကြောင့် အဆိုပါ မြို့နယ်ရုံးအဆောက်အဉီများ ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်ရမည့်အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ရုံးဟောင်းအတွင်းရှိ စာရွက်စာတမ်းများ၊ ကိုယ်ရေးဖိုင်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေးနှင့် စိတ်ခြလုံခြုံသည့် နေရာသို့ အမြန်ပြန်လည်ရွှေ့ ပြောင်းထားရှိရေး၊ အဆောက်အဦအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စစ်ဆေးဆောင်ရွက်ရေး မှာကြားသည်။

IMG_5278

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးရှိ မြို့နယ်ဦးစီးမှူးအားသွားရောက်၍ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရုံးခန်းများ အခြေအနေတို့ကို လည့်လည်ကြည်မှုစစ်ဆေးပြီး ဝန်ထမ်းများနေထိုင်စားသောက်မှု အဆင်ပြေ စေရေးအတွက် အလေးထားဆောင်ရွက်ပေးရေး ဌာန၏လုပ်ငန်းများ ဆက်လက်ဆောင်ရွက် နိုင်ရေး မှာကြားကာ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို အသီးသီးလိုက်လံဝေငှပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝမ်းတွင်း မြို့နယ်ဦးစီးမှူးရုံးသို့လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်ဦးစီးမှူးရုံးသို့လည်းကောင်း သွားရောက်၍ ရုံးအဆောက်အဉီများ ပျက်စီးဆုံးရှုံးမှု၊ ရုံးစာရွက်စာတမ်းမှတ်တမ်းမှတ်ရာများ ယာယီရွှေ့ပြောင်း ထားရှိမှုနှင့် ယာယီရုံးများဖွင့်လှစ်၍ လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး စီစဉ်နေမှု၊  ဝန်ထမ်းများယာယီရွှေ့ပြောင်းနေထိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန် ရှိသူများက ဖြစ်စဉ်အခြေအနေနှင့် လက်ရှိဆောင်ရွက်ထားမှုများကို လိုက်လံရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက မြို့နယ်များအတွင်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးမှု စာရင်းများရယူ၍ အမြန်ပြန်လည်ဆောင်ရွက် ပေးနိုင်ရေး၊ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရန် ကြိုတင်မျှော်တွေး ဆောင်ရွက်ရေး မှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေး၍ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင်များကိုအသီးသီးဝေငှပေးအပ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့သို့ သွားရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံး၏ အင်အားပြင်း ငလျင်လှုပ်ခတ်မှု ဒဏ်ကြောင့် ရုံးအဆောက်အဦနှင့်ရုံးစာရွက်စာတမ်းများ ပျက်စီးဆုံးရှုံးမှု၊ ယာယီရွှေ့ပြောင်း နေရာချထားမှုနှင့်ယာယီရုံးဖွင့်လှစ်ဆောင်ရွက်ရန် စီစဉ်နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။

IMG_5241

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ စစ်ကိုင်းခရိုင်နှင့် မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြင်းမူနှင့် မြောင်မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၍ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်တစ်ချို့၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှု ကြောင့် ပြည်သူများထိခိုက်သေဆုံး ဒဏ်ရာရရှိမှုနှင့် အဆောက်အဦများစွာ ပျက်စီးဆုံးရှုံးမှု၊ စစ်ကိုင်းတိုင်း၌လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု များစွာရှိခဲ့ပြီး မိမိဌာန ရုံးအဆောက်အဉီများ ပျက်စီး ဆုံးရှုံးမှုရှိခဲ့သည့်အခြေအနေ၊ မိမိတို့ဌာနမှ ဝန်ထမ်းများအားလုံး ကူညီကယ်ဆယ်ရေး၊ အမိုးအကာ အောက်ရောက်ရှိစေရေးနှင့် ပြန်လည်နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ဌာနအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးရသည့် ဌာနဖြစ်သည်နှင့်အညီ ရုံးများပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် တာဝန်ရှိသူများကစီစဉ်ဆောင်ရွက်ပေးရေး၊ ဝန်ထမ်းများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ကူညီထောက်ပံ့ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများအချင်းချင်း အပြန် အလှန် ရိုင်းပင်းကူညီဆောင်ရွက်ပေးကြရေးအခြေအနေများနှင့်စပ်လျဉ်း၍  အားပေးစကား ပြောကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို အသီးသီးဝေငှပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ၊ ကချင်ပြည်နယ်မှ ယာယီရွှေ့ပြောင်းရောက်ရှိနေသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသည့် ရုံးအဆောက်အဦများ၊ စာရွက်စာတမ်းမှတ်တမ်းမှတ်ရာများ ပြန်လည်ရွှေ့ပြောင်းနေရာချထားနိုင်ရေး၊ ထိခိုက်ဒဏ်ရာရသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ အား ထိထိရောက်ရောက် ကုသဆောင်ရွက်ပေးရေး၊ ဝန်ထမ်းများအားလုံး အမိုးအကာအောက် ရောက်ရှိစေရေးနှင့် ယာယီရွှေ့ပြောင်းနေရာချထားမည့်နေရာများအား စုစုစည်းစည်း သတ်သတ် မှတ်မှတ်ဆောင်ရွက်ပေးရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိစေရေးအတွက် စီစဉ်ဆောင်ရွက် ပေးရေး၊ ရာသီဥတုအခြေအနေအရအစားအသောက်အနေအထိုင်၊ အသွားအလာ ဂရုတစ်စိုက်ဖြင့် ကျန်းမာရေးအသိရှိရှိ ဆောင်ရွက်ကြရေး၊ ယာယီစုစည်းနေထိုင်ရာတွင် ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်း၍ စနစ်တကျကြီးကြပ်ကာ အဆင့်ဆင့်သတင်းပို့ဆောင်ရွက်ကြရေး၊ ဝန်ထမ်းအချင်းချင်း အပြန်အလှန်အကူအညီပေးကာ စည်းလုံးညီညွတ်စွာဖြင့်နေထိုင်၍ ဌာန၏လုပ်ငန်းတာဝန်များ ကိုလည်း ယာယီရုံးနေရာများ သတ်မှတ်ဖွင့်လှစ်၍ ပြည်သူများအတွက် လိုအပ်ချက်များအပေါ် တတ်နိုင်သမျှ ဝန်ဆောင်မှုပေးနိုင်‌ရေးစီစဉ်ဆောင်ရွက်ပေး ကြရန်လိုကြောင်းဖြင့် ရှင်းလင်း ပြောကြားကာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများကို အသီးသီးဝေငှ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဦးစီးမှူးရုံး ရုံးခန်းများအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီး/ဆုံးရှုံး မှုအခြေအနေများကို တစ်ခန်းချင်း လိုက်လံကြည့်ရှု စစ်ဆေး၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်စစ်ဆေးဆောင်ရွက်ကာ ပြန်လည်ပြင်ဆင်နိုင်မည့် အခြေအနေကို အမြန်ပြန်လည်တင်ပြနိုင်ရေး မှာကြားပြီး ကချင်ပြည်နယ်ဦးစီးမှူးရုံး၊ နွားထိုးကြီးနှင့်မတ္ထရာမြို့နယ် ဦးစီးမှူးရုံး တို့မှယာယီရုံးများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများကို လည့်လည်ကြည့်ရှု စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ ညှိုနှိုင်းဆောင်ရွက်ပေးသည်။

IMG_5375

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချမ်းအေးသာစံမြို့နယ်ဦးစီးမှူးရုံးပြိုကျပျက်စီးမှုနှင့် ယာယီရုံးဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ဦးစီးမှူးရုံး၌ ရုံးနံရံ များနှင့်မျက်နာကျပ်များ ထိခိုက်ပျက်စီးမှုနှင့် ယာယီရုံးဖွင့်လှစ်ထားရှိမှုအခြေအနေကို လည်းကောင်း လည့်လည်ကြည့်ရှုစစ်ဆေးကာ  တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေး၊ ပြည်သူကိုဝန်ဆောင်မှု ပေးနိုင်ရေး အတွက် ယာယီရုံးများ စနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး မှာကြားကာ ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင် ပစ္စည်းများထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

 

 

Sorry, the comment form is closed at this time.