ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်ပွဲတော်ပါဝင်ဆင်နွှဲ၊ ဝန်ထမ်းများနှင့်မိသားစုများအား သပြေခက်ဖြင့် အတာရေပက်ဖြန်း ပေး၍ စတုဒီသာ အာဟာရကျွေးမွေးမှု ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်ပွဲတော်ပါဝင်ဆင်နွှဲ၊ ဝန်ထမ်းများနှင့်မိသားစုများအား သပြေခက်ဖြင့် အတာရေပက်ဖြန်း ပေး၍ စတုဒီသာ အာဟာရကျွေးမွေးမှု ကြည့်ရှုအားပေး။

နေပြည်တော်၊ ဧပြီ ၁၂ ။

          ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသော သင်္ကြန်ပွဲတော်ကို ဧပြီလ (၁၂) ရက်၊ ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဌာနရုံး စင်ဝင်ပတ်လမ်း၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များ တက်ရောက်ပါဝင်ဆင်နွှဲကြသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်္ကြန်ပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများသည် အလွန်ပြင်းထန်သည့် မြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွှတ်အလေး ပြုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် တက်ရောက်လာကြသည့် ဝန်ထမ်းများ၊ မိသားစုဝင်များအား မြန်မာ့ရိုးရာအတာသင်္ကြန်ကို ရှေးအစဉ်အလာနှင့်အညီ သပြေခက်ဖြင့် အတာရေပက်ဖြန်းပေးကြပြီး တက်ရောက်လာကြသူများကလည်း တစ်ဦးနှင့် တစ်ဦးရင်းနှီးချစ်ကြည်စွာ ရိုးရာယဉ်ကျေးမှုနှင့်အညီ သပြေခက်ဖြင့် အတာရေကို အေးချမ်းစွာ အပြန်အလှန်ပက်ဖြန်းပေးကြသည်။

IMG_5776

          ထို့နောက် ဝန်ထမ်းများ အင်အားဖြည့် အာဟာရအဖြစ် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ အလိုက် စတုဒိသာ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ သာကူ၊ ရခိုင်မုန့်တီ၊ ရွှေရင်အေးစသည့် သင်္ကြန်ရိုးရာအစားအစာများဖြင့် တည်ခြင်းဧည့်ခံကျွေးမွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.