ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ငလျင်ဒဏ်ခံခဲ့ရသည့် ဌာနမှဝန်ထမ်းများ ယာယီရွှေ့ပြောင်း နေရာချထားသည့် နေရာအသီးသီးသို့ လှည့်လည်ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး။
နေပြည်တော်၊ ဧပြီ ၂၃ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၂၃) ရက်၊ ယနေ့နံနက် (၉)နာရီက ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်းသို့ သွားရောက်၍ ငလျင်ဒဏ်ခံခဲ့ရသည့် ဌာနမှဝန်ထမ်းများအား တွေ့ဆုံကာ ဝန်ထမ်းများ၏ နေထိုင် စားသောက်ရေးနှင့် ရုံးပြန်လည်တက်ရောက်မှုအခြေအနေများ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိ မှု၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆောင်များ၌ ဝန်ထမ်းများအား ယာယီ နေရာချထားမှုနှင့် ရေ၊ မီးရရှိမှု၊ စားရိပ်သာအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေညောင်တစ်ပင်ကျောင်း တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ ငလျင်ဒဏ်ခံရသည့် ဌာနမှဝန်ထမ်းများအား ယာယီနေထိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ လျှောက်ထားပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းတိုက်တွင် ယာယီရွှေ့ပြောင်း နေထိုင်လျက်ရှိသည့် ဝန်ထမ်းများအား အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဝန်ထမ်းများ ယာယီနေထိုင်သည့် နေရာများသို့ သွားရောက်၍ အိပ်ဆောင်များ အခြေအနေ၊ ရေ၊မီးရရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ညှိနှိုင်းဆောင်ရွက်ပေး သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အပြာရောင်အဆင့် သတ်မှတ်ထားသည့် သရဖီ အိမ်ရာ၊ တိုက်အမှတ် (၆၂၀၈)သို့ သွားရောက်၍ ဌာနမှ ဝန်ထမ်းများနေထိုင်သည့် အခန်းများသို့ ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကိုင်းကလေးသိဒ္ဓိရတနာကျောင်းတိုက်သို့ သွား ရောက်၍ အဆိုပါကျောင်းတိုက်၌ ယာယီရွှေ့ပြောင်းရောက် ရှိနေကြသည့် ဌာနမှဝန်ထမ်းများ အား အားပေးစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ ဝန်ထမ်းများ နေထိုင်မှု အခြေအနေ၊ ရေ၊မီး ရရှိမှုနှင့် စားဖိုဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အား လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သဇင်(၅) နှင့် သပြေ(၄)ရှိ အမျိုးသားဆောင် တို့သို့လည်းကောင်း၊ သဇင်(၆) နှင့် သပြေ(၂)ရှိ အမျိုးသမီးဆောင်တို့သို့လည်းကောင်း သွား ရောက်၍ ဌာနမှဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများ နေထိုင်ရာ အခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ အဆောင်တာဝန်ခံများက အဆောင်များရှိ အခန်းများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုနှင့် ဆောင်ရွက်ပေးရန်လိုအပ်ချက်များကို လိုက်လံရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆောင်များရှိ အခန်းအလိုက် ပြင်ဆင်ဆောင် ရွက်ပေးရမည့် အခြေအနေများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေးနှင့် ဌာန အနေဖြင့် ချက်ချင်းဆောင်ရွက်နိုင်သည့်ကိစ္စများအား အမြန်ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။(-)
Sorry, the comment form is closed at this time.