ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ငလျင်ဒဏ်ခံရသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးအဆောက်အဦများ ပြင်ဆင်ဆောင်ရွက်မှုနှင့် ရုံးပတ်ဝန်းကျင်၌
ဝန်ထမ်းများ ယာယီနေထိုင်မှုအခြေအနေများ လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေး
နေပြည်တော်၊ ဇွန် ၄။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၄ ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးရှေ့ရှိ ယာဉ်ရပ်နားနေရာ အဆောက်အဦများ ၌ ငလျင်ဒဏ်ခံခဲ့ရသည့် ဝန်ထမ်းများ ယာယီနေရာချထားနေထိုင်မှုအခြေအနေများ၊ ရေ၊ မီး၊ မိလ္လာ များစီစဉ်ထားရှိမှု၊ မီးဖိုဆောင်များ တည်ဆောက်စီစဉ်ပေးထားမှုနှင့် Container House များ ရောက်ရှိတပ်ဆင်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား မိုးရာသီ ကာလဖြစ်သည်နှင့်အညီ နေထိုင်သွားလာမှု၊ ချက်ပြုတ်စားသောက်မှုများ အလေးဂရုပြု စနစ်တကျ ဆောင်ရွက်ကြရန်နှင့် မိမိနေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနအဆောက်အဦ ပြင်ဆင်တည်ဆောက် ဆောင်ရွက်နေမှုအခြေ အနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အဆောက်အဦအား ငလျင်ဒဏ် ထိခိုက်မှုကြောင့် ပျက်စီးခဲ့မှုအခြေအနေနှင့် လက်ရှိပြင်ဆင်ဆောင်ရွက်နေမှု၊ ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားမည့်အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ထိခိုက်ပျက်စီးသည့် နေရာများပြန်လည်ပြင်ဆင်ရာတွင် သတ်မှတ်ချက်နှှင့်အညီ ခိုင်ခံ့မှုရှိစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် နောင်ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင် မျှော်တွေးကာ လိုအပ်ချက်များ စီစဉ်ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများ Container Office များဖြင့် လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ရုံး အသီးသီးနှင့် Online စနစ်ဖြင့်ချိတ်ဆက်၍ Unique ID နံပါတ်ထုတ်ပေးရေးနှင့် အချက်အလက် ပြင်ဆင် ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ Container Box ဖြင့် e-ID စနစ်ဆိုင်ရာ Server ခန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေး၊ လုံခြုံမှုရှိစေရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူ များအားမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူ့ အင်အားဦးစီးဌာန ရုံးအဆောက်အဦ ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေနှင့် ရုံးခန်းများ အတွင်း ဝန်ထမ်းများ ရုံးလုပ်ငန်းပုံမှန်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ကွန်ပျူတာခန်း အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ မေးခွန်းများ မေးမြန်းခဲ့မှု အပေါ် ဖြေကြားချက်များ ဖြည့်သွင်းပြုစုဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ ရုံးပတ်ဝန်းကျင်၌ ဝန်ထမ်းများ ယာယီနေရာချထားမှုအခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ထိခိုက်ပျက်စီးသည့်နေရာများ ပြန်လည်ပြင်ဆင်ရာတွင် ခိုင်ခံ့မှုရှိစေရေး အလေးထားဆောင်ရွက်ရန် နှင့် ဝန်ထမ်းများ နေထိုင်စားသောက်မှု၊ ရေရရှိမှုအခြေအနေများကို မေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန အဆောက်အဦ ပြန်လည်ပြင်ဆင်ပြီးစီးမှုနှင့် ဝန်ထမ်းများ၏ ရုံးလုပ်ငန်းများ အရှိန်အဟုန်မပျက် ပုံမှန်ပြန်လည်ဆောင်ရွက်နေမှု၊ e-Visa ခန်းအတွင်း Online e-Visa လျှောက်ထား မှုအပေါ် စိစစ်ခွင့်ပြုဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနရုံးခန်းအတွင်း ငလျင်ဒဏ်ကြောင့် မြေကျွံကျမှုအပေါ် ပြန်လည်ပြင်ဆင် ဆောင်ရွက် ပြီးစီးမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံ ရှင်းလင်းတင်ပြမှုများပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)
Sorry, the comment form is closed at this time.