ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)တက်ရောက်၊ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မဲစာရင်း မှန်ကန်ရေးသည် အခြေခံအကျဆုံးလုပ်ငန်းများဖြစ်ရာ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးရေး အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)တက်ရောက်၊

ရွေးကောက်ပွဲအောင်မြင်ရေးအတွက် မဲစာရင်း မှန်ကန်ရေးသည် အခြေခံအကျဆုံးလုပ်ငန်းများဖြစ်ရာ သတ်မှတ်ကာလအတွင်း

လုပ်ငန်းများပြီးစီးရေး အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း

နေပြည်တော်၊ ဇွန် ၁၀ ။

          မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅) ကို ဇွန်လ (၁၀) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များ ဖြစ်ကြ သည့် နေပြည်တော်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊တာဝန်ရှိသူများတက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရန့် ဖြင့် တက်ရောက်ကြသည်။

IMG_9775

          အစီအစဉ်အရ ရှေးဦးစွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရန် အသက် (၁၈) နှစ် နှင့်အထက် လူဦးရေစာရင်း အချက်အလက်များ ပြည့်စုံမှန်ကန်ရန်လိုအပ်ပါကြောင်း၊ လူဦးရေစာရင်း ပိုမိုပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူမျာ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲ မကျင်းပမီ ယခုကာလအတွင်း၌ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ရေး အတွက် ယခုအစည်းအဝေးကျင်းပရခြင်းဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အိမ်ထောင်စု လူဦး
ရေစာရင်းကို အခြေခံပြုစုခြင်းဖြစ်သည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက် များမှန်ကန်စေရေး၊ မြေပြင်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှ (၃၁) ရက် အထိ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း မြေပြင်ကွင်းဆင်း ကောက်ယူ နိုင်ခြင်းမရှိသည့်ဒေသတစ်ချို့ ကိုလည်းအခြေအနေပေးသည်နှင့် ဆက်လက်ကောက်ယူဆောင်ရွက် ခဲ့ပါကြောင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ရရှိလာသည့်အချက်အလက်များကို ကော်မတီအဆင့်ဆင့်က တိုက်ဆိုင်စိစစ် အတည်ပြုပေးပို့သည့် လူဦးရေစာရင်းများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မဲစာရင်းပြုစုနိုင် ရေး ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်သဖြင့် မဲစာရင်းကိုအခြေခံရမည့် အသက်(၁၈)နှစ်အထက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက်(၁၈)နှစ်အထက် သန်းခေါင်စာရင်းလူဦးရေကို နှိုင်းယှဉ်သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာတွင် မိမိတို့ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး များ၌ရှိသည့် ရုံးလက်ခံ အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် မြေပြင်တွင် နေထိုင်ခြင်းမရှိသော်လည်း ရုံးလက်ခံ အိမ်ထောင်စုစာရင်းတွင် ပယ်ဖျက်ထားခြင်းမရှိသူများ၊ လူတစ်ဦးတည်းက အိမ်ထောင်စု လူဦးရေစာရင်း တစ်ခုထက်မကပါဝင်နေသူများ၊ လူတစ်ဦးတည်းက နိုင်ငံသားစိစစ်ရေးနံပါတ်တစ်ခု ထက်မက ကိုင်ဆောင်ထားသူများ ပါဝင်နေပါကြောင်း၊ ရုံးလက်ခံအိမ်ထောင်စုလူဦးရေစာရင်းတွင် မပါဝင်သူများကိုလည်း ယာယီအိမ်ထောင်စုလူဦးရေစာရင်းဖြင့် စာရင်းကောက်ယူခဲ့ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်အရ သတ်မှတ်ထားသည့် သန်းခေါင်စာရင်းရည်ညွှန်းချိန်၌ တွေ့ရှိရာအရပ်တွင် ကောက်ယူသည့်မူ (De Facto Method) ဖြင့် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၁၅) ရက်အထိ စာရင်းကောက်ယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သန်းခေါင်စာရင်း ရည်ညွှန်းချိန်ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် ညသန်းခေါင်ယံရှိ နိုင်ငံခြားတွင် ရှိသော မြန်မာသံရုံး၌ တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသည့် နိုင်ငံခြားသားများ၊ သန်းခေါင်စာရင်းရည်ညွှန်းချိန်နောက်ပိုင်း သေဆုံးသူများ၊ ရဟန်း/သံဃာများ၊ အကျဉ်းကျခံနေရသူများအပါအဝင် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းနေထိုင်သူ အားလုံးကို ကောက်ယူခြင်းဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်း အတည်ပြုလူဦးရေစာရင်းနှင့် သန်းခေါင်စာရင်းလူဦးရေသည် ကာလအားဖြင့် (၂) နှစ်ခန့် ကွာခြားနေပြီဖြစ်ရာ လူဦးရေကွာဟချက် အခြေအနေများကို သိရှိနိုင်ရေးနှင့် အချက်အလက် ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် အဆိုပါစာရင်း နှစ်ခုကို မြို့နယ်အဆင့်မှသည် အခြေခံကျကျ အဆင့်ဆင့် စနစ်တကျ နှိုင်းယှဉ်သုံးသပ် တိုက်ဆိုင် စိစစ်၍ မဲစာရင်းတိကျ မှန်ကန်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့် ရှိသူတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်မဲပေးနိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနက ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုဆိုလျှင် ပန်းခင်းစီမံချက် အဆင့်(၃)သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ “ပန်းခင်း” စီမံချက်အဆင့်(၃)ကို ယခင် ပန်းခင်းစီမံချက်များမှ ဆောင်ရွက်ရန်ကျန်ရှိသူများနှင့် ထပ်မံ၍ အသက်(၁၈)နှစ်ပြည့်လာမည့် သူများအနက် ကိုင်ဆောင်ကတ်ပြားမရှိသေးသူများအပါအဝင် စုစုပေါင်းလူဦးရေ (၄) သိန်း ကျော် အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အတွင်း ကိုင်ဆောင်ကတ်ပြားထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ပန်းခင်းစီမံချက် အဆင့်(၃) လျာထားချက်အပေါ် တနင်္သာရီ၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့က လျာထားချက် ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များလည်း သတ်မှတ်ကာလအတွင်း လျာထားချက် ပြီးစီး အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်မှုအပေါ် မလိုလားသည့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏ အဖျက်အမှောင့်လုပ်ရပ် များကိုလည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အလေးဂရုပြု ဆောင်ရွက်ကြရန်လည်း အကြံပြု အသိပေးလိုပါကြောင်း၊ ယခု အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည့်စုံမှန်ကန်သည့် အတည်ပြုလူဦးရေစာရင်း ပြုစု ဆောင်ရွက်မှုနှင့် ပန်းခင်းအဆင့်(၃)လျာထားချက် ဆောင်ရွက်မှုတို့အပေါ် တွေ့ကြုံရသည့် လုပ်ငန်း အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးပေးကြ စေလိုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

IMG_9818 IMG_9814

          ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက လက်ရှိလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် အတည်ပြုလူဦးရေစာရင်းများ အချိန်မီပေးပို့နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ပန်းခင်းစီမံချက် အဆင့်(၃) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီ ပြီးစီးရေးအတွက် ဌာနအလိုက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိမိတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင် ရေးအတွက် အခြေခံကျသည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးတို့အတွက် အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေး ကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.