ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မော်လမြိုင်မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှု့အားပေး၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ရှင်းလင်းမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မော်လမြိုင်မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့်()ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး

Biometric ကောက်ယူမှုကြည့်ရှု့အားပေး၊ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားတွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်

ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ရှင်းလင်းမှာကြား

နေပြည်တော်၊ ဇွန် ၂၀။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၁၉)ရက် မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ မွန်ပြည်နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ လဲလှယ် လျှောက်ထားသူ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ် ဆောင်ရွက်ပေးနေမှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို သွားရောက်လှည့်လည်ကြည့်ရှုကာ ဒေသခံ ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်းဆွေးနွေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_0870

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်  နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝ ဆိုင်ရာအချက်အလက်(Biometric)ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ (Unique ID) နံပါတ် ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု့အားပေးကာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံသားကတ်ပြားနှင့် Unique ID နံပါတ်ရရှိရေး လာရောက်ဆောင်ရွက်ကြသူ ပြည်သူများအား  UID နံပါတ်ရရှိပြီးပါက ပြည်သူများရရှိခံစားနိုင်မည့် အကျိုးကျေးဇူးများနှင့် စနစ်တကျကိုင်တွယ် ထိန်းသိမ်းနိုင်ရေး ရှင်းလင်းပြောကြားပြီး   ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

IMG_0883

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့နယ်ရုံးသို့သွားရောက်၍ ဝန်ထမ်းများက နိုင်ငံသားကတ်ပြားရရှိပြီးသူ ပြည်သူများအား Unique ID နံပါတ်ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများကိုကြည့်ရှုအားပေး၍  မြို့နယ်ရုံးအတွင်း စာရွက် စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုနှင့်မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ရုံးစာရွက်စာတမ်းများ၊ e-ID စနစ်ဆိုင်ရာ စက်ပစ္စည်း၊ ရုံးသုံးပစ္စည်းများနှင့် ကိုယ်ရေးဖိုင်များစနစ်တကျ လုံခြုံစွာထိန်းသိမ်း ထားရှိဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်နှင့်ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်တားဆီး ဆောင်ရွက်ရေး၊ စက်ပစ္စည်းများနှင့် ကိုယ်ရေးဖိုင်များအတွက် ထုတ်/သွင်းမှုမှတ်တမ်းများ စနစ်တကျရေးသွင်း ဆောင်ရွက်ကြရေးမှာကြားကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

IMG_0927

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ရာမညခန်းမ၌ ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့်လာမည့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှု၊ ရွေးကောက်ပွဲအောင်မြင်ရေး အတွက် အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မိမိတို့ဝန်ကြီးဌာအနေ ဖြင့် သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်နေမှု၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် ကြိုးပမ်းဆောင်ရွက်နေမှု၊ ယင်းသို့ ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုးရရှိကိုင်ဆောင်သူတိုင်း e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ ဂဏန်း(၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းကို တစ်ပါတည်း ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့် လက်ရှိနိုင်ငံတော် အစိုးရတာဝန်ယူစဥ်ကာလ အတွင်းပြစ်မှုကင်းရှင်းပြီး လုပ်ငန်းများအပေါ် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း များအား စွမ်းဆောင်ရည်ဆုများအား ဝန်ကြီးဌာနနှစ်ပတ်လည်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့မှုနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရေးအခြေအနေ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်း တိုင်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိစေရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပြည်သူအပေါ် ကြည်သာရွှင်ပြစွာဆက်ဆံ၍ ပေးအပ်သည့်တာဝန်များအပေါ် ကျေပွန်စွာ ထမ်းဆောင် နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ဝန်ထမ်းများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်း ဆိုင်ရာအခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.