ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်

အဖွဲ့အား လက်ခံတွေ့ဆုံ၊ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

နေပြည်တော်၊ အောက်တိုဘာ ၁၈ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့အား အောက်တိုဘာလ (၁၈) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ဒေသခံပြည်သူများအတွက် အကျိုးသက်ရောက်မှု ထိရောက်မြန်ဆန်သည့် လုပ်ငန်းဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ၊ MoU မူဘောင်အရ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနအပါအဝင်  အခြားသောဝန်ကြီးဌာနများနှင့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်အပေါ် မလိုလားသည့်အဖွဲ့များက နှောင့်ယှက်ဟန့်တားဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်သမျှနေရာများကို သွားရောက်ဆောင်ရွက်ခွင့်ရရှိရေးအတွက် ကူညီဆောင်ရွက်‌ ပေးနိုင်ရေးအခြေအနေများ၊ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်နေသည့် UNHCR ဝန်ထမ်းများ နေခွင့်နှင့်ခရီးသွားလာခွင့် ထပ်မံတိုးမြှင့်တင်ပြမှုအပေါ် ခွင့်ပြုပေးနိုင်ရေးအခြေ အနေ၊ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ယင်းသို့ဆောင်ရွက်မှုအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပြန်လည်ရှင်းလင်းပြောကြားပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.