ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ လုပ်ထုံး လုပ်နည်းနှင့်အညီ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊

နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ လုပ်ထုံး လုပ်နည်းနှင့်အညီ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

နေပြည်တော်၊ အောက်တိုဘာ ၂၀ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အား အောက်တိုဘာလ (၂၀) ရက်၊ ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-တရုတ်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့ အကြောင်း အမျိုးမျိုးဖြင့်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်း ဆိုင်ရာ ကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင်ရွက်ပေးမှုအခြေအနေများ၊ တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ပစ္စည်းများ ထောက်ပံ့ပေးမှုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီဆောင်ရွက်ပေး မှုအခြေအနေများ၊ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်ကြီးများအသင်းနှင့် တရုတ်နွယ်ဖွားများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေများ၊ နယ်စပ်ဒေသ အပါအဝင် မြန်မာ-တရုတ်နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.