ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera အားလက်ခံတွေ့ဆုံ၊ ICRC ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးကူညီပေးနိုင်မည့်အခြေအနေများဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) မြန်မာ နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ

Ms. Elena Ajmone Sessera အားလက်ခံတွေ့ဆုံ၊ ICRC ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးကူညီပေးနိုင်မည့်အခြေအနေများဆွေးနွေး။

နေပြည်တော်၊ စက်တင်ဘာ ၂၂ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ဖြစ်သူ Ms. Elena Ajmone Sessera နှင့်အဖွဲ့အား စက်တင်ဘာလ (၂၂) ရက်၊ ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ICRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် စတင်တာဝန်ယူဆောင်ရွက်မှုအခြေအနေ၊ ICRC အနေဖြင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအတွင်း ICRC ရုံးခွဲများ ဖွင့်လှစ်ထားရှိမှုနှင့် နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်းများ ခန့်အပ်တာဝန်ပေး ဆောင်ရွက်နေ မှု၊ ရခိုင်ပြည်နယ်အတွင်း ဒေသခံများအပါအဝင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ရေး ဆောင်ရွက်မည့်အစီအစဉ်များနှင့် ယင်း လုပ်ငန်းစဉ်အပေါ် ပံ့ပိုးကူညီပေးနိုင်ရေးအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွား သူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်းဆောင်ရွက် နေမှုနှင့် UNDP-UNHCR တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့် ICRC ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့် သက်တမ်းတိုးမြှင့်ရေးကိစ္စရပ်များ ခွင့်ပြုဆောင်ရွက်ပေးမှုနှင့် လုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်း များ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(-)

 

Sorry, the comment form is closed at this time.