ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘားအံမြို့၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၊ နိုင်ငံနှင့် ပြည်သူအတွက် ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ ထောက်ပံ့ငွေများ ပေးအပ်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘားအံမြို့၌ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၊ နိုင်ငံနှင့် ပြည်သူအတွက်

ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြား၍ ထောက်ပံ့ငွေများ ပေးအပ်။

နေပြည်တော်၊ နိုဝင်ဘာ ၅ ။

          နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသား ဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင် ရေးအတွက် မိမိဝန်ကြီးဌာနက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာလ (၃)ရက်တွင် အဆင့်(၁)ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ဖာပွန်မြို့နယ်၌သာ အခြေအနေအရ ဆောင်ရွက် ပေးရန် လျာထားချက် အနည်းငယ်သာ ကျန်ရှိနေပြီး ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ဆောင်ရွက် နေသကဲ့သို့ ရွေးကောက်ပွဲ မဲစာရင်းမှန်ကန် ရေးအတွက်လည်း ဆက်စပ်ဌာနများဖြစ်သည့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ နိုဝင်ဘာလ (၅)ရက်၊ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဆက်လက်ပြောကြားရာတွင် ယင်းသို့ ဆောင်ရွက်ရာ၌ မိမိတို့ မြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းများ၏ အခြေခံစာရင်း သည် ရွေးကောက်ပွဲ ကော်မရှင်၏ မြေပြင်စစ်ဆေးချက်စာရင်းများနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊ယင်းစာရင်းများ တိကျမှန်ကန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများ၏ လက်ရှိစာရင်းများ၊ မိမိဌာန အခြေခံစာရင်း များ၊ရွေးကောက်ပွဲကော်မရှင် စာရင်း စသည်စာရင်းတို့ကို သုံးပွင့်ဆိုင် တိုက်ဆိုင်စစ်ဆေးကာ မွေးတိုး/ သေလျော့/ ပြောင်းဝင် ပြောင်းထွက်စာရင်းများ ပြင်ဆင်/ ဖြည့်စွက်/ အတည်ပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ထို့ပြင် ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၏ မဲစာရင်းများ၊  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်းများမှ အမည်နှင့် နေရပ်လိပ်စာ၊  နိုင်ငံသားအမှတ် တို့နှင့် တိုက်ဆိုင်စစ်ဆေး ဖြည့်သွင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ            မြို့နယ်ရုံးဝန်ထမ်းများ အနေဖြင့်  လာမည့်နိုဝင်ဘာ (၁၅)ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်၊  အိမ်ထောင်စုစာရင်းတစ်ခုထက် ပိုမိုကိုင်ဆောင်မှုများ၊ နိုင်-4 ၌ နိုင်ငံသားကတ်အမှတ် ဖြည့်ရန် ကျန်နေသည့်ကိစ္စရပ်များကို  အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊  မိမိ တို့ဌာန အနေဖြင့် နိုင်-၄ နှင့် အထစပါ အချက်အလက်များအား နည်းပညာ အသုံးပြု၍ Online မှတစ်ဆင့် ရုံးချုပ် Server သို့ ပေးပို့ဆောင်ရွက်လျက်ရှိရာ ယင်းအချက်အလက များသည် မဲစာရင်းမှန်ကန်ရေးအတွက် အထောက်အကူများစွာ ရရှိသဖြင့် အချက် အလက်များ ဖြည့်သွင်းရာတွင် စနစ်တကျ မှန်ကန်စွာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ယင်းအချက်များ သည် မိမိတို့ဝန်ကြီးဌာနမှ မကြာမီ ဆောင်ရွက်မည့် e-ID စနစ်အတွက် အသုံးပြုမည့် အချက်အလက်များပင် ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်သည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အထင်ကရနေရာများစွာ ရှိသဖြင့် နိုင်ငံခြားသားများ လာရောက် လည်ပတ်မှုများ များပြားသည့် ဒေသဖြစ်ရာ နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်း ကိုလည်း ဉပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ကောလဟာလသတင်းများ နားမယောင်ဘဲ အ‌ဖျက်အမှောင့်လုပ်ရပ်များ မဖြစ်ပွား စေရေး၊ ရုံးဝင်/ ထွက်မှု စနစ်တကျ ဖြစ်စေရေးတို့အတွက် အလေးဂရုပြု ဆောင်ရွက် ကြရန်လိုကြောင်း၊ လုံခြုံရေးသတိ အမြဲရှိကြရန်နှင့် ဌာန၏လုပ်ငန်းအားလုံးသည် နိုင်ငံနှင့် ပြည်သူအတွက် ထိရောက်သော ဝန်ဆောင်မှုများ ပေးရသည့်လုပ်ငန်းများ ဖြစ်သည်နှင့်အညီ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးခန်းမအတွင်း ဝန်ထမ်းများမှ ကွန်ပျူတာ များဖြင့်  နိုင်-4 နှင့် အထစပါ အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်နေမှုနှင့် မဲစာရင်း မှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေးနေမှု အခြေအနေများကို လှည့်လည်ကြည်ရှု့  အားပေးကာ လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းနှင့် ကရင်ပြည်နယ်အနေဖြင့် မဲစာရင်းမှန်ကန်ရေး အတွက် အခြေခံစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ပြည်နယ်ဦးစီးမှူးရုံးနှင့် ကရင်ပြည်နယ် လွတ်တော်ရုံးတို့၌ နှစ်နေရာခွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ ( – )

Sorry, the comment form is closed at this time.