ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ် (Minsk) မြို့၌ နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ e-ID ကတ် နှင့် Passport အတွင်းသို့ Biometric အချက်အလက် ဖြည့်သွင်းမှတ်ပုံတင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုလေ့လာ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ် (Minsk) မြို့၌  နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ e-ID ကတ် နှင့် Passport အတွင်းသို့

Biometric အချက်အလက် ဖြည့်သွင်းမှတ်ပုံတင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများအား ကြည့်ရှုလေ့လာ။

နေပြည်တော် ၊ မေ ၅။

          ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ (၄)ရက် နံနက်ပိုင်းတွင်  မင့်စ်ခ်မြို့၊ ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံသားနှင့်လူဝင်မှုကြီးကြပ်ရေးဌာနသို့ သွားရောက် လေ့လာခဲ့ရာ ဌာနမှူး Colonel Starikovich Mikhail Vladimirovich က National Database တည်ဆောက်ထားရှိမှုနှင့်  ဘယ်လာရုစ်ဗဟိုထိန်းချုပ်ကွပ်ကဲမှုစနစ် ဖွဲ့စည်းထားရှိမှုအခြေအနေ၊ စနစ်အတွက် လိုအပ်သည့် စီမံကွပ်ကဲမှုလုပ်ငန်းစဉ်များ၊ Biometric စနစ်ဖြင့် အမျိုးသား စိစစ်ရေးမှတ်ပုံတင် စာရွက်စာတမ်းများ သတ်မှတ်ချက်နှင့်အညီ ဖြည့်သွင်းမှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊ e-ID ကတ်နှင့် Biometric အချက်လက်များအား အသုံးပြု၍ Passport ပြုလုပ်နေပုံအဆင့်ဆင့်တို့ကို လက်တွေ့ရှင်းလင်းပြသကြပါသည်။

1 5

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘယ်လာရုစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာန၌ e-ID ကတ်နှင့် Passport အတွင်းထည့်သွင်းထားသည့် ကိုယ်ရေးအချက်လက်များ မှန်ကန်မှု ရှိ/မရှိစစ်ဆေးသည့် Forensic  Science Systems သို့ သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုအခြေနေများကို ရှင်းလင်းပြသကြ သည်။

9

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင့်စ်ခ်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန ၏ Cryptotech  ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းမှတ်ပုံတင်ရေး စင်တာသို့သွားရောက် ကြရာ တာဝန်ရှိသူများက e-ID ကတ်နှင့် Passport အတွင်းသို့ ခေတ်မီနည်းပညာများနှင့် စက်ပစ္စည်းကိရိယာများအသုံးပြု၍ Biometric ကိုယ်ရေးအချက်အလက်များ ထည့်သွင်း ထုတ်လုပ်နေမှုအခြေနေများကို  လိုက်လံရှင်းလင်းပြသကြပြီး  ပြည်ထောင်စုဝန်ကြီးက သိရှိလို သည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။(-)         

 

Sorry, the comment form is closed at this time.