ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk) မြို့ရှိ နိုင်ငံတကာ လေ့ကျင့်ရေးအကယ်ဒမီသင်တန်းကျောင်းတွင် ရွေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးနေမှုများအား ကြည့်ရှုလေ့လာ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်ခ်(Minsk) မြို့ရှိ နိုင်ငံတကာ လေ့ကျင့်ရေးအကယ်ဒမီသင်တန်းကျောင်းတွင်

ရွေ့ပြောင်းသွားလာခြင်းနှင့် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးနေမှုများအား ကြည့်ရှုလေ့လာ

နေပြည်တော်၊ မေလ ၆ ရက်နေ့ 

          ဘယ်လာရုစ်သမ္မတနိုင်ငံတွင် ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မေလ(၅)ရက် နံနက်ပိုင်းတွင် မင့်စ်ခ် မြို့ရှိ နိုင်ငံတကာလေ့ကျင့်ရေးအကယ်ဒမီသင်တန်းကျောင်းသို့သွားရောက်ခဲ့ရာ ကျောင်းအုပ်ကြီး Major General Vasilyev Aleksandr Pavlovich နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ခွန်းဆက်သကြပါသည်။ ထို့နောက်ကျောင်းအုပ်ကြီးမှ သင်တန်းကျောင်း၏ ဖွဲ့စည်းပုံ နှင့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရွေ့ပြောင်းသွားလာခြင်း၊ လူကုန်ကူးမှု တားဆီးရေး ဆိုင်ရာများနှင့်ပတ်သတ်၍ လေ့ကျင့်သင်ကြားပေးနေမှုအခြေအနေများ၊ နိုင်ငံခြားသားသင်တန်းသား များအတွက် လေ့ကျင့်သင်ကြားပေးသည့် နည်းစနစ်များကို Power Point ဖြင့် ရှင်းလင်း ပြောကြားခဲ့ရာ ပြည်ထောင်စုဝန်ကြီးကသိရှိလိုသည်များ ပြန်လည်မေးမြန်းပြီးနောက် ကျောင်းအုပ်ကြီးမှ  သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းများနှင့် သင်ထောက်ကူပြုပစ္စည်းများ အား လိုက်လံရှင်းလင်းပြသကြပြီး အပြန်အလှန်လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပါသည်။

7 10

မေလ(၆)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘီလာရုစ်သမ္မတနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်နေသော x-Infotech ကုမ္ပဏီသို့သွားရောက်လေ့လာခဲ့ရာ တာဝန်ရှိသူများမှ  ဘီလာရုစ်သမ္မတနိုင်ငံ၏ e-Government စနစ်နှင့်ချိတ်ဆက်၍ e-ID စနစ် အကောင်ထည်ဖော်ဆောင်ရွက်နေမှုအခြေနေများတွင် နည်းပညာပိုင်းဆိုင်ရာအရ ပူးပေါင်းဆောင်ရွက် နေမှုအခြေနေများနှင့် e-ID စနစ်နှင့်ပတ်သတ်၍ နိုင်ငံတကာတွင်ဆောင်ရွက်ခဲ့မှုအခြေနေများအား Power Point ဖြင့် ရှင်းလင်းပြသခဲ့ရာ  ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များအား  မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။ (-)

         

Sorry, the comment form is closed at this time.