ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့် ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းဆိုင်ရာများဆွေးနွေ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai အားလက်ခံတွေ့ဆုံ၊

နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းဆိုင်ရာများဆွေးနွေး။

နေပြည်တော်၊ မေ 31 ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့်အဖွဲ့ အား မေလ(၃၁)ရက်၊ ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံသည်။

1

4
3

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဝင်/ထွက်ဂိတ်များမှ လက်ရှိ အခြေအနေတွင် အပြန်အလှန် ဝင်/ထွက်ခွင့်ပြုဆောင်ရွက်နေမှုအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဂိတ် များတွင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ဂိတ်များအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များနှင့် သတ်မှတ်ဗီဇာအမျိုးအစားအလိုက် နေခွင့် သက်တမ်းတိုးနိုင်ရေးအတွက် ခွင့်ပြုဆောင်ရွက်ပေးမှုအခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များအသုံးပြု၍ နှစ်နိုင်ငံပြည်သူများ ကူးလူးသွားလာ လုပ်ကိုင်ဆောင်ရွက်နေမှုနှင့် ၁၉၉၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် နှစ်နိုင်ငံသဘောတူစာချုပ်အရ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအခြေအနေ၊ မိုခါမုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား ကူညီထောက်ပံ့ပေးရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ပူးပေါင်းကူညီဆောင်ရွက်နေမှုအခြေအနေ၊ မြန်မာ နိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းများတွင် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည့် အခြေအနေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆက်သွယ်ညှိနှိုင်းနေမှုအခြေအနေတို့ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.