ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ဆက်လက်သက်တမ်း တိုးရေးနှင့် ပြည်ဝင်ဗီဇာလွယ်ကူစေရေး ဆွေးနွေးပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အားလက်ခံတွေ့ဆုံ၊

နှစ်နိုင်ငံ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် ဆက်လက်သက်တမ်း တိုးရေးနှင့် ပြည်ဝင်ဗီဇာလွယ်ကူစေရေး ဆွေးနွေးပြောကြား

နေပြည်တော်၊ ဇွန် ၁ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး H.E. Mr. J.M.J.P Bandara အား ဇွန်လ (၁) ရက်၊ ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

IMG_2207IMG_2223IMG_2224

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများတက်ရောက်ကြပြီး မြန်မာနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်ဝင်ဗီဇာ အပြန်အလှန်ကင်းလွတ်ခွင့်ပြုမှုအခြေအနေ၊ ၂၀0၉ ခုနှစ်ကဆောင်ရွက်ခဲ့သည့် မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံအကြား အပြန်အလှန်ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ် (MoU) သက်တမ်း ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ လူကုန်ကူးခံရမှုကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် သီရိလင်္ကာနိုင်ငံသားများ နှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံကူးလက်မှတ်နှင့် ပြည်ဝင်ဗီဇာ လွယ်ကူအဆင်ပြေစွာ ထုတ်ပေးနိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

 

 

Sorry, the comment form is closed at this time.