ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) တက်ရောက်၊ ကော်မတီအဆင့်ဆင့်မှ စိစစ်အတည်ပြု ပြီးသည့် စာရင်းများအား ဗဟိုကော်မတီမှတစ်ဆင့် ဆက်လက်တင်ပြဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၃) တက်ရောက်၊ ကော်မတီအဆင့်ဆင့်မှ စိစစ်အတည်ပြု ပြီးသည့် စာရင်းများအား ဗဟိုကော်မတီမှတစ်ဆင့် ဆက်လက်တင်ပြဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်မှာကြား

နေပြည်တော်၊ ဇွန် ၉ ။

          မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၃) ကို ဇွန်လ ၉ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ကြီးကြပ်မှုဗဟို ကော်မတီဝင် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။AB C

          အစီအစဉ်အရ ရှေးဦးစွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် လွတ်လပ်ပြီးတရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျသည့် တိကျ မှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုနိုင်ရန် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ လူဦးရေစာရင်းမှန်ကန် စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို(၃)ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို မသန်စွမ်း(၅)မျိုးစာရင်းအပါအဝင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်မှ (၃၁)ရက်အထိ ရုံးပိတ်ရက်မပါ ရက်ပေါင်း(၂၀)ရက် သတ်မှတ်ဆောင်ရွက် ခဲ့ပြီး အဆိုပါကောက်ယူရရှိသည့် စာရင်းဇယား၊ အချက်အလက်များကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မှတ်တမ်းများစုစည်း၍ လဝကမြို့နယ်ရုံးအသီးသီးရှိ ရုံးလက်ခံများနှင့် တိုက်ဆိုင်စိစစ်ပြီး လက်ရှိအခြေအနေတွင် e-ID Server အတွင်း Online မှတစ်ဆင့်ထည့်သွင်းကာ အချက်အလက် ကွဲလွဲမှုများအပေါ် ပြင်ဆင်ဖြည့်စွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း၊ ထို့ပြင်လုံခြုံရေးအခြေအနေကြောင့် ကောက်ယူရန်ကျန်ရှိသည့် မြို့နယ်အချို့ကိုလည်း ဆက်လက်ကွင်းဆင်း ကောက်ယူဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်အထိ စာရင်း ကောက်ယူမှုအနေဖြင့် e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးကောက်ယူခဲ့သည့် အိမ်ထောင်စု (၁၁ ဒဿမ ၉) သန်းကျော်၊ လက်ရှိဒေသ၌ အိမ်ထောင်စု စာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စု (၂ ဒဿမ ၈)သန်းကျော်၊ စုစုပေါင်းအိမ်ထောင်စု (၁၄ ဒဿမ ၈)သန်းကျော် ကောက်ယူပြီးစီးပြီးဖြစ်၍ ရာခိုင်နှုန်းအားဖြင့် (၈၇ ဒဿမ ၉၂) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာတွင် တစ်ပါတည်းကောက်ယူခဲ့သည့် မသန်စွမ်း(၅)မျိုးလူဦးရေ (၂)သိန်းကျော်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သက်ဆိုင်ရာခရိုင်ဦးစီးမှူးရုံးများသို့ လွှဲပြောင်း ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် အိမ်ထောင်စုလူဦးရေစာရင်းတွင် အမတလက်မှတ်ကိုင်ဆောင်ထား သူများ၊ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား၊ အသက်(၁၈)နှစ်အထက်ရှိသည့် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများ၊ အမည်၊ မွေးသက္ကရာဇ် အစရှိသည့် အချက်အလက်ကွဲလွဲနေသူများ အားစနစ်တကျတိုက်ဆိုင်စိစစ်ပြီး ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်အရ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့်စာရင်းများအား သက်ဆိုင်ရာလဝကမြို့နယ်ရုံး အသီးသီးရှိ စာရင်းများနှင့်တိုက်ဆိုင်စိစစ်ပြီး e-ID Server အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၊ ပြင်ဆင်ဖြည့်စွက်ပြီးဖြစ်သည့် လူဦးရေစာရင်းအား မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင် များက စိစစ်အတည်ပြုထားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဆင့်ဆင့် စိစစ်အတည်ပြုပြီး သည့်စာရင်းများအား ဗဟိုကော်မတီမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက် တင်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်အဆင့်(၁)ကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှစတင်ဆောင်ရွက် ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်အထိ (၉၆ ဒဿမ ၇၆) ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းခင်း စီမံချက်အဆင့်(၂)ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁) ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ မေလ (၃၁) ရက်အထိ (၄၉ ဒဿမ ၁၄) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းကဲ့သို့ ပန်းခင်းစီမံချက်များ အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းသည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၏ အနီးကပ်ကြီးကြပ်မှု၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖ များ၊ လူမှုရေးအဖွဲ့အစည်းများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုများကြောင့်ဖြစ်ပါကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသော နိုင်ငံသားအရည်အချင်းကိုက်ညီသူများကို ပန်းခင်း စီမံချက်အဆင့်(၂)ဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်အပြီးဆောင်ရွက်ရန် လျာထားသတ်မှတ် ထားရာ ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တာဝန်ရှိသူအဆင့်ဆင့်က ယခုကဲ့သို့ တက်ညီလက်ညီဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ထို့ပြင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်အနေဖြင့် မပြီးပြတ်သေးသည့်လုပ်ငန်းများ အား အမြန်ဆုံးပြီးပြတ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ယခုအစည်းအဝေးတွင် ကွင်းဆင်းကောက်ယူပြီးစီးသည့်စာရင်းများကို စိစစ်၍ e-ID Server အတွင်းသို့ထည့်သွင်းပြီးစီးမှုနှင့် စာရင်းများ အတည်ပြုအပ်နှံနိုင်ရေးအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

          ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရန် ကျန်ရှိနေသည့်ဒေသများနှင့် ဆက်လက်ကွင်းဆင်း ကောက်ယူသွား မည့်အစီအစဉ်များ၊ကောက်ယူပြီးစာရင်းများအား လဝကမြို့နယ်ဦးစီးမှူးရုံးများတွင် e-ID Software ဖြင့် အချက်အလက်များ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုနှင့် ယာယီနေထိုင်သူများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်မည့်အခြေအနေ၊ ဗဟိုကော်မတီမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီး ရေးအတွက် ဌာနအလိုက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် တိကျ မှန်ကန်သည့် လူဦးရေစာရင်းပြုစုနိုင်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ယခုလုပ်ငန်းစဉ်များအား သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေး အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.