ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လည်စာ အတူတကွ သုံးဆောင်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်။

 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ခရိုင်/မြို့နယ်ရုံးများမှ ဝန်ထမ်းများနှင့်အတူ

လက်ရည်တစ်ပြင်တည်း နေ့လည်စာအတူတကွသုံးဆောင်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်။

နေပြည်တော်၊ ဇူလိုင် ၄ ။

          ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်မှု ရှိစေရေး၊ အထက်အောက်အပြန်အလှန် ချစ်ခင် လေးစား ယုံကြည်မှုရှိစေရေးနှင့် ပေးအပ်သည့်တာဝန်များကို အတူတကွ လက်တွဲပူးပေါင်းကာ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ (၄) ရက်၊ ယနေ့ နံနက် (၁၁)နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ လက်ရည်တစ်ပြင်တည်း နေ့လည်စာကို ထမင်းလက်စုံ သုံးဆောင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအတွက် စားရိပ်သာအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ ပြည်နယ်ဦးစီးမှူး ဦးဝင်းရဲထွန်းက လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။(-)

111
IMG-29

Sorry, the comment form is closed at this time.