ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဝန်ထမ်းများနှင့် မိသားစုများအား e-ID စနစ်လုပ်ငန်းအတွက် ကိုယ်ရေးအချက်အလက်များ ကောက်ယူနေမှု ကြည့်ရှုအားပေး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများအားတွေ့ဆုံ၍ စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဝန်ထမ်းများနှင့် မိသားစုများအား e-ID စနစ်လုပ်ငန်းအတွက်ကိုယ်ရေးအချက်အလက်များကောက်ယူနေမှု ကြည့်ရှုအားပေး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများအားတွေ့ဆုံ၍ စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား

နေပြည်တော်၊   ဇူလိုင်   ၅ ။

          e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄)ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းဇယားအချက်အလက် လက်ခံမှတ်တမ်းများ စုစည်းသိမ်းဆည်းထားရှိမှု၊ ရုံးခန်းမအတွင်း ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များအား ကွန်ပျူတာ များဖြင့် ဖြည့်သွင်း၍   နေပြည်တော်(ရုံးချုပ်) ရှိ e-ID Sever မှ အချက်အလက်များနှင့် တိုက်ဆိုင် စိစစ် ပြင်ဆင်အတည်ပြု ဆောင်ရွက်နေမှု၊ မှတ်တမ်းခန်းများအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းဆိုင်ရာ မှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေများကို  ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက  လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လိုက်လံ ရှင်းလင်း တင်ပြကြသည်။DSC_0149ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ဖြစ်သည်နှင့်အညီ စနစ်တကျ ထိန်းသိမ်းရန်နှင့် တိကျမှန်ကန်စွာ ဖြည့်သွင်း တိုက်ဆိုင်စိစစ် ဆောင်ရွက်ရန်  မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ချမ်းမြသာစည် မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက တိုင်းဒေသကြီးဥပဒေချုပ်ရုံး၌ အဆိုပါဥပဒေချုပ်ရုံးဝန်ထမ်း များနှင့် မိသားစုများအား  e-ID စနစ် လုပ်ငန်းအတွက် ကိုယ်ရေးအချက်အလက်(Biographic) နှင့် ဇီဝအချက်အလက်(Biometric) ကောက်ယူနေမှုကို သွားရောက်ကြည့်ရှုအားပေးကာ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။ ယခု ဆောင်ရွက်သည့် e-ID စနစ် လုပ်ငန်းတွင် ဂဏန်း(၁၀)လုံးပါ Unique ID ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုအဖြစ် National ID Smart Card ထုတ်ပေးခြင်း လုပ်ငန်းကို ဥပဒေနှင့်အညီ ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

DSC_0155

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ရုံးဟောင်းအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမားရိုးကျ လုပ်ငန်းများအပြင် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်(၃)ခုကို တစ်ပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ယင်းလုပ်ငန်းစဉ်များမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်း တစ်အိမ်တက်ဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များအား e-ID Server အတွင်း ဖြည့်သွင်းတိုက်ဆိုင် စိစစ် ပြင်ဆင် အတည်ပြုခြင်းလုပ်ငန်း၊ e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းနှင့် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင်ပါဝင်သည့် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲခြင်းနှင့် သန်းခေါင်စာရင်းကောက်ကွက်ယူနစ် Census Units များ ဖွဲ့စည်းနိုင်ရန် Point ကောက်ယူခြင်းလုပ်ငန်းတို့ပင် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းအားလုံး သည် ပြီးစီးရမည့် လုပ်ငန်းပမာဏနှင့် အချိန်ကာလကန့်သတ်ချက်များရှိသည့်အတွက် သတ်မှတ် ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ကြရန် လိုအပ် သကဲ့သို့ တိကျမှန်ကန်သည့်အချက်အလက်များဖြစ်စေရေးအတွက် စနစ်တကျ အလေးဂရုပြု ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ လက်ရှိကြိုးပမ်းဆောင်ရွက်နေသည့် လုပ်ငန်းများ သည် နိုင်ငံအတွင်းရှိ လူဦးရေစာရင်း တိကျမှန်ကန်စွာ ရရှိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယင်းအချက်အလက်များကို အခြေခံ၍ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မှန်ကန်ပြည့်စုံသော မဲဆန္ဒရှင်စာရင်းများ ပြုစု နိုင်မည်ဖြစ်ပါကြောင်း၊ မဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံးကိုလည်း ကိုင်ဆောင် သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံတော်အတွက် အရေးကြီးသည့်  လုပ်ငန်းများဖြစ်သည်ကို ဝန်ထမ်းများ အားလုံးက သိရှိနာလည်းပြီး လုပ်ငန်းများအောင်မြင်ရေးအတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင် များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဌာနသည် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံ၍ ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ဌာနဖြစ်သည်နှင့်အညီ ပြည်သူကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံကြရန်လည်း လိုအပ်ပါကြောင်း၊ လုပ်ငန်းတိုင်းသည် ဥပဒေနှင့်အညီဆောင်ရွက်ရသည့်အတွက် စနစ်တကျ ဆောင်ရွက်ကြရန်နှင့် အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့်  ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

IMG_20230704_164705

ထို့နောက် တာဝန်ရှိသူများက လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.