ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊

လူဦးရေနှင့် ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၁၄ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan နှင့်အဖွဲ့အား ဇူလိုင်လ(၁၄)ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

IMG_4270 IMG_4279

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဝန်ကြီးဌာနနှင့် UNFPAတို့အကြား နှစ်ကာလရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လက်ရှိအခြေအနေတွင် ယခင်ကာလများကဲ့သို့ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် လူဦးရေ ဆိုင်ရာစာရင်းအင်းအချက်အလက်များနှင့်ပတ်သက်သည့် လုပ်ငန်းများတွင် နည်းပညာနှင့် ဆက်စပ်ပစ္စည်းလိုအပ်ချက်များ ပံ့ပိုးကူညီပေးနိုင်ရေးအခြေအနေ၊ UNFPA အနေဖြင့် မြန်မာနိုင်ငံ ၏ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့ သည့် အစဉ်အလာကောင်းများကိုထိန်းသိမ်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.