ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းပူးပေါင်း ဆောင်ရွက်နိုင်ရေးလေ့လာရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ၊ နယူးဒေလီမြို့ရှိ UIDAI ရုံးချုပ်သို့ သွားရောက်၍ Aadhaar စနစ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ညှိနှိုင်းဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းပူးပေါင်း ဆောင်ရွက်နိုင်ရေးလေ့လာရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ၊

နယူးဒေလီမြို့ရှိ UIDAI ရုံးချုပ်သို့ သွားရောက်၍ Aadhaar စနစ်၏ လုပ်ငန်းဆောင်ရွက်မှုများအား ညှိနှိုင်းဆွေးနွေး

 နေပြည်တော်၊ ဇူလိုင် ၂၆။

          မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် ဇူလိုင်လ(၂၄)ရက် နံနက်(၉)နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး Ms. Nabanita Chakrabarti က လေဆိပ်ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ၍ ခရီးစဉ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ အဆိုပါလေဆိပ်မှ ပို့ဆောင်နှုတ်ဆက်ကြသည်။

IMG_4823

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အင်ဒီယာဂန္ဒီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများက အဆိုပါ လေဆိပ်မှ ကြိုဆိုနှုတ်ဆက်ကြသည်။

ဇူလိုင်လ (၂၅)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် လိုက်ပါလျက် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံအစိုးရ၏ Unique Identification Authority of India (UIDAI) ရုံးချုပ်သို့ သွားရောက်ရာ UIDAI အစည်းအဝေးခန်းမ၌ UIDAI ၏ အမှုဆောင်အရာရှိချုပ် Mr. Amit Agrawal နှင့် လုပ်ငန်းကဏ္ဍ အလိုက်တာဝန်ခံများက ကြိုဆိုနှုတ်ဆက်ကြပြီး အမှုဆောင်အရာရှိချုပ်နှင့် တာဝန်ရှိသူများက UIDAI ၏ ဖွဲ့စည်းတည်ထောင်ထားရှိမှု၊ Aadhaar စနစ်အောင်မြင်ရေးအတွက် လုပ်ငန်းအဆင့် အလိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊ Aadhaar စနစ်ဖြင့် အစိုးရ၊ အဖွဲ့အစည်းအသီးသီးနှင့် ပြည်သူများအား ထိရောက်သောဝန်ဆောင်မှုများပေးနေမှု အခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းပြောကြားကြသည်။

IMG_4901

IMG_4931

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး အိန္ဒိယနိုင်ငံတွင် UIDAI ၏ Aadhaar စနစ်အောင်မြင်စွာဆောင်ရွက်နိုင်မှုအတွက် အသိအမှတ်ပြုမှု၊ မြန်မာနိုင်ငံ၏ e-ID စနစ်အကောင်အထည်ဖော်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်များ အပေါ် UIDAI အနေဖြင့် လိုအပ်သည့် အကြံပြုကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများ ကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က e-ID စနစ်အောင်မြင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအပေါ် ထပ်မံဆောင်ရွက်ရမည့်လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ အမှုဆောင်အရာရှိချုပ်နှင့် လုပ်ငန်းတာဝန်ခံများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက်  ပြန်လည်ရှင်းလင်းဖြေကြားကြပြီးနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အမှုဆောင်အရာရှိချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.