ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Aadhaar Center ဒေသဆိုင်ရာရုံး သို့သွားရောက်၍ ပြည်သူများအား Aadhaar နံပါတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှု့လေ့လာ။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Aadhaar  Center ဒေသဆိုင်ရာရုံး သို့သွားရောက်၍

ပြည်သူများအား Aadhaar နံပါတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှု့လေ့လာ။

 နေပြည်တော်၊ ဇူလိုင်  ၂၇။

          အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင် လိုက်ပါလျက် ဇူလိုင်လ (၂၆)ရက် နံနက်ပိုင်းက နယူးဒေလီမြို့ရှိ Aadhaar  Center ဒေသဆိုင်ရာရုံးသို့သွားရောက်ရာ တာဝန်ရှိသူများက ကြိုဆိုကြပြီး လုပ်ငန်းတာဝန်ခံက ဒေသတွင်းရှိ ပြည်သူများအား Aadhaar စနစ်ဖြင့် Enrolment ဆောင်ရွက်နေမှုနှင့် Update လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။

IMG_5040 IMG_5044

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့်အဖွဲ့သည် ဒေသဆိုင်ရာရုံးအတွင်း ဒေသတွင်းပြည်သူများအား Aadhaar စနစ်လုပ်ငန်းစဉ်များအတိုင်း Aadhaar နံပါတ်ရရှိသည်အထိ လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နေမှုအခြေအနေ၊ Aadhaar စနစ်ဖြင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည်ရှု့လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

IMG_5077 IMG-5088

          ယင်းနောက် ပြည်ထောင်စုဝန်ကြီက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းတာဝန်ခံက  ပြန်လည်ရှင်းလင်း ဖြေကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် လုပ်ငန်းတာဝန်ခံအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.