ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲတက်ရောက်၊ အဂတိတရားကင်းစင်ပြီး ပြည်သူကယုံကြည်ကိုးစားသည့် ဝန်ထမ်းများအဖြစ် ရည်မှန်းချက်တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးရှင်းလင်းမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲတက်ရောက်၊

အဂတိတရားကင်းစင်ပြီး ပြည်သူကယုံကြည်ကိုးစားသည့် ဝန်ထမ်းများအဖြစ် ရည်မှန်းချက်တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးရှင်းလင်းမှာကြား

 နေပြည်တော်၊ ဩဂုတ် ၁၁ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စာမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ဩဂုတ်လ ၁၁ ရက်၊ ယနေ့နံနက် (၁၀) နာရီ က အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်.ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

IMG_5522

IMG_5545

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားများကို ကျင်းပခြင်းအားဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအနက် အဂတိလိုက်စားမှု မြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုသိရှိနားလည်ပြီး အဂတိလိုက်စားမှုဖြစ်ပေါ် စေနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်၍ အကျိုးကျေးဇူးများစွာရရှိမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်သည့် အသိအမြင်ဗဟုသုတများ တိုးပွားလာမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ဖွံ့ဖြိးတိုးတက်မှု လုပ်ငန်းများကို အကောင်အထည်ဖော်ရာ၌ အဟန့်အတားဖြစ်စေ၍ ကိုယ်ကျင့်တရား ပျက်ယွင်း ခြင်းဖြစ်သကဲ့သို့ တစ်နည်းအားဖြင့် အကျိုးအမြတ်တွက်ချက်ပြီးကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်များ လျော့နည်းလာသကဲ့သို့ ကိုယ်ရည်ကိုယ်သွေးများကျဆင်း လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုလည်း နောက်ကျစေမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့်ဖြစ်ပွားနိုင်ပြီး အဂတိလိုက်စားမှုကိုကျူးလွန်ပါက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည်ဖြစ်ရာ ဝန်ထမ်းတိုင်းက အသိသတိဖြင့် ရှောင်ကြဉ်ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန်(၃)ရပ်ကို အကောင်အထည်‌ဖော်ရာ၌ အဂတိလိုက်စားမှုမဖြစ်စေရေးအတွက် ဌာန၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကိုလည်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ ပြည်သူများကောင်းစွာ သိရှိနားလည်၍ ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်သကဲ့သို့ ဆင့်ပွားသင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ဆက်လက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ CPU အဖွဲ့အနေဖြင့်လည်း ပြည်ထောင်စု အဆင့်ဝန်ကြီးဌာန/ အဖွဲ့အစည်းအချင်းချင်း အစိုးရနဲ့ပုဂ္ဂလိက အဖွဲ့အစည်းများအကြား အချက်အလက်များမျှဝေနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာန ဝန်ထမ်းများသည် အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရပြီး ပြည်သူကိုဝန်ဆောင်မှုပေးရ သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူအပေါ်ကျောသားရင်သားမခွဲခြားဘဲ ဥပဒေ နှင့်အညီ မျှတစွာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုရှင်းလင်းဆွေးနွေးမှုများကို ဝန်ထမ်းများ အနေဖြင့် သေသေချာချာလေ့လာမှတ်သားပြီး မရှင်းလင်းသည့်အချက်များရှိရင်လည်း ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြရန်လိုပါကြောင်း၊ ယခုရှင်းလင်းဆွေးနွေးပွဲမှရရှိမည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများကို မိမိကိုယ်တိုင်သိရှိနားလည်ပြီး မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင်ပူးပေါင်းပါဝင်ကြရန် မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ အဂတိတရားကင်းစင်ပြီး ပြည်သူက ယုံကြည်အားကိုးသည့် ဝန်ထမ်းများအဖြစ် ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

IMG_5569 IMG_5600

          ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ဝန်ကြီးဌာနများသို့ အဂတိလိုက်စားမှုကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲများကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူ များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ခန်းမအတွင်း ပြသထားရှိ သည့် ဝန်ကြီးဌာန၏ အဂတိလိုက်စားမှုကာကွယ်တားဆီးရေးဆိုင်ရာ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု အားပေးကြသည်။

IMG_5608

          ထို့နောက် ရှင်းလင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဌာနခွဲ အသီးသီးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု၏သဘောသဘာဝ၊ ဖြစ်ပွားရသည့်အကြောင်း အရင်းများနှင့် ဆိုးကျိုးများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာ များနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ဝန်ထမ်းများ၏ သိရှိလို၍ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကာ အခမ်းအနား ကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.