ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ နိုင်ငံတော်၏လိုအပ်ချက်အရ ချမှတ်ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက် များအပေါ် ဌာနနှင့်ပတ်သက်ဆက်စပ်သည့် လက်ငင်းဦးစားပေးဆောင်ရွက် ရမည့်လုပ်ငန်းများ မဖြစ်မနေအောင်မြင်အောင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်နိုင်ငံတော်၏လိုအပ်ချက်အရ ချမှတ်ဆောင်ရွက်နေသည့်

ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအပေါ် ဌာနနှင့်ပတ်သက်ဆက်စပ်သည့် လက်ငင်းဦးစားပေးဆောင်ရွက် ရမည့်လုပ်ငန်းများ မဖြစ်မနေအောင်မြင်အောင်ဆောင်ရွက်ရန် တိုက်တွန်းမှာကြား

 နေပြည်တော်၊ ဩဂုတ် ၁၅ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်၊ ယနေ့နံနက် (၉) နာရီခွဲက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများသည် သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

IMG_5741C

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကအမှာစကားပြောကြားရာတွင် လက်ရှိ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိရာတွင် ယခုထပ်မံ သက်တမ်းတိုးမြှင့်သည့်ကာလအတွင်း ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို အသစ် ချမှတ်ခဲ့ပါကြောင်း၊ယင်းကဲ့သို့အသစ်ချမှတ်သည့်  ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် အရေးအကြီးဆုံး လုပ်ငန်းစဉ်မှာ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့်နည်းလမ်း ကျနမှန်ကန်မှုရှိသည့် အထေွထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးဆောင်ရွက်ခြင်း၊ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတ သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဆိုသည့် လုပ်ငန်းစဉ်ပင်ဖြစ် ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်တစ်ခုလုံး မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ ပန်းခင်းစီမံချက်အဆင့်(၁)နှင့်(၂) ဆောင်ရွက်ခြင်း၊ e-ID စနစ်လုပ်ငန်းနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း များကို တစ်ပြိုင်တည်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ နည်းလမ်းကျနမှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးဆောင်ရွက်ရာတွင် အခြေခံအကျဆုံးသည် မဲစာရင်း တိကျမှန်ကန်စေရေးပင်ဖြစ်ပါကြောင်း၊ မဲစာရင်းအပါအဝင် နိုင်ငံအတွင်းရှိ လူဦးရေစာရင်းမှန်ကန် စေရေးအတွက် မိမိတို့ဝန်ကြီးဌာနကဦးဆောင်၍ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ဆက်စပ်ဌာန များပူးပေါင်းကာ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို စာရင်း ကောက်ယူရေးအဖွဲ့များဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်မှ (၃၁) ရက်အထိ ရုံးပိတ်ရက်မပါ ရက်ပေါင်း(၂၀)ရက် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နယ်မြေဒေသအလိုက် သတ်မှတ်ရက်များအတွင်း ကောက်ယူရန်ကျန်ရှိသည့် ဒေသများကိုလည်း ဆက်လက်ကောက်ယူ လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်အထိ e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးကောက်ယူခဲ့သည့် အိမ်ထောင်စု(၁၂) သန်းကျော်၊ လက်ရှိဒေသ၌ အိမ်ထောင်စုမရှိသဖြင့် အလွတ်ပုံစံများဖြင့် ကောက်ယူခဲ့သည့်အိမ်ထောင်စု (၂ ဒဿမ ၈) သန်း‌ကျော်၊ စုစုပေါင်းအိမ်ထောင်စု (၁၄ ဒဿမ ၈) သန်း‌ကျော် ကောက်ယူပြီးစီး ပြီဖြစ်ပါကြောင်း၊ ယင်းစာရင်းအချက်အလက်များကို ရုံးချုပ်ရှိ  e-ID Server အတွင်း ဖြည့်သွင်း ပြင်ဆင်အတည်ပြုပြီးလျှင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျ မှန်ကန်သည့်မဲစာရင်းကို ရရှိမည်ဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးဟု ဆိုရာတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်အထိ (၁၈)လတာကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် လူဦးရေပမာဏ (၃ ဒဿမ ၄) သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင် ရေး လျာထားဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းစီမံချက်ကို နယ်မြေဒေသလုံခြုံရေး ကန့်သတ်ချက် များအရ ဆောင်ရွက်ရန်ကျန်ရှိသည့်ဒေသများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ စတင်ဆောင်ရွက်ချိန်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်အထိ လူဦးရေ (၃ ဒဿမ ၃) သန်းကျော် (၉၇ ဒဿမ ၀၆) ရာခိုင်နှုန်းကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ သို့သော် နိုင်ငံတစ်ဝန်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားမရှိသေးသူများ ကျန်ရှိနေသေးသည့် အတွက် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁) ရက်မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်အထိ (၁၇) လတာကာလအား ပန်းခင်းစီမံချက်အဆင့်(၂)အဖြစ်သတ်မှတ်၍ ယင်းကာလအတွင်း(၁၈)နှစ်ပြည့် လာမယ့်လူဦးရေကို ခန့်မှန်းတွက်ချက်ပြီး လူဦးရေ (၁ ဒဿမ ၇) သန်းကျော်ကို နိုင်ငံသား ကတ်ပြားထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်ထိ လူဦးရေ (၉)သိန်းကျော်(၅၆ ဒဿမ ၃၉) ရာခိုင်နှုန်းကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး နိုင်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းသည် မဲပေးခွင့်ရှိပါလျက် နိုင်ငံသားကတ်မရှိသဖြင့် မဲမပေးရသူမရှိ စေရေးအတွက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် လူဦးရေ၊ ကိန်းဂဏန်း၊ အချက်အလက်များရရှိ ရေးအတွက် မိမိတို့ဝန်ကြီးဌာနကအမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းအဖြစ် ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်များတွင် သန်းခေါင်စာရင်းယူနစ် (Census Unit) များရေးဆွဲလျက်ရှိပါကြောင်း၊ လာမည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်မှ (၁၅) ရက်အထိ စမ်းသပ်သန်းခေါင်စာရင်းကို တိုင်းဒေသကြီး/ ပြည်နယ်အားလုံးမှ မြို့နယ်(၂၀)ကို ရွေးချယ်ပြီး ယင်းမြို့နယ်များ၏ စာရင်းကောက်ကွက်(၁၀၀)ကို နမူနာရွေးချယ်ကောက်ယူသွား မည်ဖြစ်ရာ စမ်းသပ်သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြ ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းကိုလည်း စိန်ခေါ်မှုအမျိုးမျိုးကြားမှ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင်နိုင်ငံတော်အစိုးရက ဆောင်ရွက်နေသည့် e-Government စနစ် ၏ အခြေခံအကျဆုံးဖြစ်သည့်e-IDစနစ်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတွင် လက်ရှိကောက်ယူ ရရှိသည့် ကိုယ်ရေးအချက်အလက်များကို e-ID ကိုယ်ရေးအချက်အလက်မှတ်ပုံတင်ခြင်းစနစ်     (e-ID Biographic Registration System) အတွင်းသို့လည်းကောင်း၊ အိမ်ထောင်စုစာရင်း မှတ်ပုံတင်ခြင်း ဆော့ဝဲလ်ပရိုဂရမ် (Household Registration Software Program)အတွင်းသို့ လည်းကောင်း ထည့်သွင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်အထိ လူဦးရေ(၅၁)သန်းကျော်၊ အိမ်ထောင်စု(၁၃)သန်း‌ကျော် ထည့်သွင်းထားပြီးဖြစ်ပါကြောင်း၊ သို့သော် e-ID Server အတွင်း နိုင်-၄ အချက်အလက်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) အချက်အလက်ထည့်သွင်းဆောင်ရွက်ရာတွင် အချက်အလက်ကွဲလွဲမှု၊ ကွက်လပ်ဖြစ်နေမှု များရှိနေသည့်အတွက် စနစ်တကျ စိစစ်ဖြည့်သွင်းဆောင်ရွက်ရန် ကျန်ရှိနေသေးပါကြောင်း၊ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Biometric အချက်အလက်များကို ဦးတည်အုပ်စုများ အလိုက်ကောက်ယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်အထိ လူဦးရေ (၇)သိန်းကျော် ကောက်ယူပြီးစီးပြီဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် ဌာန၏လက်ငင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းပမာဏနှင့် အချိန်ကာလသတ်မှတ်ချက်များအတိုင်း ပြီးစီးအောင်မြင်ရေး အတွက် မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရမည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့ပြင် စဉ်ဆက်မပြတ် ဆောင်ရွက်နေသည့် ဌာန၏ အဓိကလုပ်ငန်းတာဝန်များကိုလည်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံအတွင်းရှိ ပြည်သူအားလုံးကို တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်နေသကဲ့သို့ နိုင်ငံအတွင်း တရားဝင် ဝင်ရောက်ထွက်ခွာနေသည့်  နိုင်ငံခြားသားများနှင့်လည်း တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက် နေရပါကြောင်း၊ ၎င်းတို့အတွက် ဝန်ဆောင်မှုပေးရသော ဌာနတစ်ခုဖြစ်သည်နှင့်အညီ ဝန်ထမ်း အားလုံးက ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည် ကျွမ်းကျင်ပိုင်နိုင်ပြီး ယဉ်ကျေး ပျူငှာစွာ ချိုသာသောဆက်ဆံမှုများဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုရှင်းလင်းပြောကြား ချက်များသည် မိမိတို့ဌာန၏ အဓိကလုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရသကဲ့သို့ လက်ရှိနိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့်  ဦးတည်ချက်များအပေါ် ဌာနနှင့်ပတ်သက်ဆက်စပ် သည့် အချက်အလက်များကို လက်ငင်းဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအဖြစ် သတ်မှတ်ကာ မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက် ရာတွင် တိုင်းဒေသကြီး/ပြည်နယ်များမှလုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှု များ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြား သည်။

IMG_5762IMG_5768

          ထို့နောက် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းနှင့် ပန်းခင်းစီမံချက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက အုပ်ချုပ်မှုဆိုင်ရာ အားနည်းချက် အားသာချက်များ၊ ဦးစီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက် နေမှုအပေါ် တိုင်းဒေသကြီး/ပြည်နယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးရမည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ်  ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ် များကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်တို့က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

          ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် မဖြစ်မနေအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းအားလုံးစည်းလုံး ညီညွတ်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင်ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.