ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး။

နေပြည်တော်၊ စက်တင်ဘာ ၅။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstumpနှင့်အဖွဲ့အား စက်တင်ဘာလ(၅)ရက်၊ ယနေ့နံနက် (၁၁) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်နှင့်ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူများ ဝင်/ထွက်သွားလာမှု စနစ်တကျဖြစ်စေရေး နှင့် တရားမဝင် ဝင်/ထွက်သွားလာမှုမရှိစေရေး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း လူကုန်ကူးခံရ သည့် ထိုင်းနိုင်ငံသားများအား မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနအဖွဲ့အစည်းများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ် ကူညီရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလများတွင် ဆေးဝါးနှင့်အခြားလိုအပ်သည်များကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် မိုခါမုန်တိုင်းဒဏ် ကြောင့် ပျက်စီးဆုံးရှုံးမှုခံခဲ့ရသည့် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လည်းကောင်း ထိုင်းနိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်တွင် တရားမဝင် ဝင်ရောက်၍ အင်တာနက်လိုင်းများအသုံးပြုကာ Online ဂိမ်းများဖြင့် လိမ်လည်မှု များ ဆောင်ရွက်နေကြသူများအား ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအတွက် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။(-)

IMG_6720

IMG_6713

Sorry, the comment form is closed at this time.