ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး၊ မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီ ပေးနိုင်ပါရန် ဒေသခံပြည်သူများအား တိုက်တွန်းပြောကြား၊

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူမှု လှည့်လည်ကြည့်ရှုအားပေး၊ မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီ ပေးနိုင်ပါရန် ဒေသခံပြည်သူများအား တိုက်တွန်းပြောကြား၊

နေပြည်တော်၊ အောက်တိုဘာ ၁။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး နှင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ (၁)ရက်၊ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်သို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်  နေပြည်တော်ကောင်စီနယ်‌မြေ သန်းခေါင်စာရင်းကော်မတီဝင်များပူးပေါင်းကာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သော စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

IMG_8224

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများနှင့် ကော်မတီဝင်များက ဒက္ခဏသီရိရပ်ကွက် အတွင်းရှိ အိမ်ခြေများအား တစ်အိမ်တက်ဆင်းသွားရောက်၍ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ အိမ်ထောင်စုဆိုင်ရာ မေးခွန်းအချက်အလက်များကို မေးမြန်း ကောက်ယူ နေမှုအား လှည့်လည်ကြည့်ရှုပြီး ဒေသခံပြည်သူများအား စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူ ရခြင်းအကြောင်းနှင့် မှန်ကန်စွာဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးနိုင်ရေး ရှင်းလင်း ပြောကြားကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

IMG_8256

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒိုးနွယ်ကျေးရွာအုပ်စု၊ ရဲဒီးကျေးရွာရှိ မြန်မာရွှေသစ်သီးဝလံကုမ္ပဏီလီမိတက်၊ သစ်သီးဝလံစက်ရုံ၌ ဝန်ထမ်းများနှင့်မြို့နယ်နှင့် ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ ပူးပေါင်းကာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်း၊ အစုအဖွဲ့ဆိုင်ရာ မေးခွန်းများ မေးမြန်း၍ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးကာ စာရင်းကောက်များအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ  မေးမြန်းညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယခု စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည့် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းမဆောင်ရွက်မီ တစ်နှစ်အလို ဖြစ်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁)ရက် မှ (၁၅)ရက်အတွင်း တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် မြို့နယ်(၂၀)ကို ရွေးချယ်သတ်မှတ်၍ စုစုပေါင်း ကောက်ကွက်(၁၀၀)ကို ပြည်လုံးကျွတ် အဆင့်ကောက်ယူမည့် အစီအစဉ်အတိုင်း ကောက်ယူခြင်းဖြစ်သည်။ယင်းသို့ဆောင်ရွက်ရာတွင် Mobile Tablet များအသုံးပြုကာ Computer Assisted Personal Interviewing (CAPI) စနစ်ဖြင့် အစုအဖွဲ့အတွက် မေးခွန်း(၁၈)ခု၊ အိမ်ထောင်စုများအတွက် မေးခွန်း(၆၈)ခုကို မေးမြန်းကောက်ယူ သွားမည်ဖြစ်ပြီး အောက်တိုဘာလ ၁ရက်မှ ၁၅ ရက်အတွင်း တစ်အိမ်တက်ဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.