ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ မြန်မာ-နီပေါ နှစ်နိုင်ငံပြည်သူများ လာရောက်လည်ပတ် နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး။

နေပြည်တော်၊ စက်တင်ဘာ ၁၃။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား စက်တင်ဘာလ (၁၃) ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။2-2

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာ-နီပေါ နှစ်နိုင်ငံရင်းနှီးချစ်ကြည်စွာ ဆက်ဆံဆောင်ရွက်ခဲ့မှုအခြေအနေ၊ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်ကူးလူးဆက်သွယ် လည်ပတ်လာရောက်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေ၊ လူကုန်ကူးခံရသည့် နီပေါနိုင်ငံသားများအား ရှာဖွေကယ်ဆယ်ရေးနှင့် နေရပ်သို့ ပြန်လည်စေလွှတ်ပေးနိုင်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် နီပေါနိုင်ငံသားများနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလိုအပ်သည်များရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ အခြေအနေတို့နှင့် စပ်လျဉ်း၍ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။(-)2-1

Sorry, the comment form is closed at this time.