ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့၌ ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲ နှင့်မှတ်တမ်းဌာန(ရန်ကုန်)တို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေး၊ နိုင်ငံခြားသားများ၏ ဗီဇာနှင့် နေခွင့် သက်တမ်းကိစ္စရပ်များ ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေးနှင့် မှတ်တမ်းများစနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရေးမှာကြား၊

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့၌ ပြည်ဝင်၊ ပြည်ပြန်ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲ နှင့်မှတ်တမ်းဌာန(ရန်ကုန်)တို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေး၊ နိုင်ငံခြားသားများ၏ ဗီဇာနှင့် နေခွင့် သက်တမ်းကိစ္စရပ်များ ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရေးနှင့် မှတ်တမ်းများစနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရေးမှာကြား၊

နေပြည်တော်၊ စက်တင်ဘာ ၁၆။

          လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ လိုက်ပါလျက် စက်တင်ဘာလ(၁၅)ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ နိုင်ငံခြားသားများရေးရာဌာန၊ ပြည်ဝင်၊ပြည်ပြန်ဝင်နှင့် နေခွင့်ပြု ခြင်းဆိုင်ရာဌာနခွဲသို့သွားရောက်ရာ ဌာနခွဲခန်းမ၌ လုပ်ငန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာဆွေ နှင့်လုပ်ငန်းတာဝန်ခံများက မြန်မာနိုင်ငံသို့အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေသည့် နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့်နေထိုင်ခွင့်ဆိုင်ရာသက်တမ်းတိုးမြှင့်ရေး အတွက် ဆောင်  ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ သီလဝါဆိပ်ကမ်းနှင့်မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (MIC) တို့၌နေထိုင်ခွင့်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံခြား သား အမြဲနေထိုင်ခွင့်ပြုခြင်း(PR)ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံခြားသား မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

IMG_6918

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း  ဆောင်ရွက်ပေးပြီး နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့်သက်တမ်းတိုးခြင်းကိစ္စရပ်များနှင့် နိုင်ငံခြားသားထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများအား  လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး၊ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ရေးနှင့်လုံခြုံရေးသတိအမြဲရှိ စေရေးဂရုပြုဆောင်ရွက်ကြရန်မှာကြားသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီသည် ကွန်ပျူတာခန်းအတွင်း နိုင်ငံခြားသားများ၏ ပြည်ဝင်ဗီဇာနှင့်နေခွင့်သက်တမ်းတိုးခြင်းလုပ်ငန်းနှင့်ပတ်သက်သည့်စာရင်းဇယားများ ဖြည့်သွင်း နေမှုနှင့် Online မှတစ်ဆင့် ရုံးချုပ်သို့ စာရင်းဇယားများပေးပို့နေမှုလုပ်ငန်းများဆောင်ရွက်နေမှု ကိုအခြေအနေများကိုကြည့်ရှုစစ်ဆေး၍တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်အမျိုးသားမှတ်ပုံတင်ရေးနှင့်နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန(ရန်ကုန်)သို့သွားရောက်ရာဧည့်ခန်းမ၌ လုပ်ငန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဦးက ဒီဂျစ်တယ် မှတ်တမ်းတင်ခြင်းစနစ်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့်အခက်အခဲများ ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခင်မှတ်တမ်းဟောင်းများအား နည်းပညာဖြင့် ပြန်လည်ထိန်းသိမ်း နိုင် ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ရာ စနစ်တကျ အလေးဂရုပြု ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးသည်ခန်းမဆောင်အတွင်း ခေတ်အဆက်ဆက်ထိန်းသိမ်း ထားရှိသည့် အမျိုးသားမှတ်ပုံတင်ဆိုင်ရာမှတ်တမ်းမှတ်ရာများ၊ အထောက်အထားအချက်အလက် များအား ခန်းမဆောင်အတွင်း၌ ဝန်ထမ်းများက နည်းပညာအသုံးပြု၍ ဒီဂျစ်တယ်မှတ်တမ်းတင် ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_6901

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာန၌ မှတ်တမ်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ အလင်းရောင်နှင့်လေဝင်လေထွက်ကောင်းမွန်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ရေရရှိရေးနှင့် မီးဘေးလုံခြုံရေးဆိုင်ရာဆောင်ရွက်ထားရှိမှုအခြေအနေ များကိုလှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။( – )

Sorry, the comment form is closed at this time.