ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့ရှိ ဟန်ဇင်းနည်းပညာ ကုမ္ပဏီသို့သွားရောက်လေ့လာ၊ Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပြည်ဝင်/ပြည်ထွက်နှင့် နိုင်ငံခြားသားများစီမံခန့်ခွဲရေးဌာန တို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များ ဆောင်ရွက်မှု လှည့်လည်ကြည့်ရှု။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့ရှိ ဟန်ဇင်းနည်းပညာ ကုမ္ပဏီသို့သွားရောက်လေ့လာ၊ Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပြည်ဝင်/ပြည်ထွက်နှင့် နိုင်ငံခြားသားများစီမံခန့်ခွဲရေးဌာန တို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များ ဆောင်ရွက်မှု လှည့်လည်ကြည့်ရှု။

နေပြည်တော်၊ စက်တင်ဘာ ၂၀။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၈ ရက်၊ ညနေပိုင်းတွင် ဘေဂျင်းမြို့ရှိ ဟန်ဇင်းနည်းပညာကုမ္ပဏီ (Hisign Technology Co.Ltd) သို့ရောက်ရှိရာ ကုမ္ပဏီဥက္ကဌ Mr. Liu Xiaochun က ကုမ္ပဏီ၏ နည်းပညာ ဆိုင်ရာထုတ်ကုန်များအခြေအနေနှင့်စွမ်းဆောင်နိုင်မှု၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက် အလက် Biographic နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူနိုင်သည့် နည်းပညာ ဆိုင်ရာစက်ကိရိယာများအသုံးပြုဆောင်ရွက်မှုအခြေအနေတို့ကို လိုက်လံရှင်းလင်းပြသည်။

IMG_7237

          ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အစည်းအဝေးခန်းမ၌ ကုမ္ပဏီဥက္ကဌနှင့် တာဝန်ရှိသူများက ကုမ္ပဏီသမိုင်းကြောင်းနှင့် Biometric ဆိုင်ရာနည်းပညာဆိုင်ရာ ထုတ်ကုန် များ ဈေးကွက်ဖြန့်ချီနိုင်မှုအခြေအနေ၊ တရုတ်နိုင်ငံအစိုးရနှင့်ပူးပေါင်း၍ e-ID စနစ်ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ID ကတ်များထုတ်လုပ်ပေး နိုင်မှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။

          စက်တင်ဘာလ ၁၉ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming တို့ လိုက်ပါလျက် ဘေဂျင်းမြို့ရှိ Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ လေဆိပ် ပြည်ပထွက်ခွာဂိတ် (၄) မှ တာဝန်ရှိသူများက ကြိုဆိုကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့အား လေဆိပ်ဖွင့်လှစ်ခဲ့မှုနှင့် ပြည်တွင်းပြည်ပခရီးသည်များ ဝင်ထွက်သွားလာမှု အခြေအနေ၊ လေဆိပ်ပြည်ပထွက်ခွာကောင်တာများ၌ နိုင်ငံကူးလက်မှတ် (Passport) အား နည်းပညာအသုံးပြု စစ်ဆေးမှုနှင့် ခရီးသည်တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူနေမှု၊ အီလက် ထရောနစ်နိုင်ငံကူးလက်မှတ် (e-Passport) ကိုင်ဆောင်သူများ အတွက် နည်းပညာဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်မှုစနစ် အသုံးပြုမှု အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသကြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

IMG_7472

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးနှင့်အဖွဲ့သည် ဘေဂျင်းမြို့ရှိ Daxing ပြည်ဝင်/ပြည်ထွက်နှင့် နိုင်ငံခြားသားများစီမံခန့်ခွဲရေးဌာန (Daxing New Gateway of China ) သို့သွားရောက်၍ နိုင်ငံခြားသားများအား ပြည်ဝင်ဗီဇာအမျိုးမျိုး ခွင့်ပြု ထုတ်ပေးမှု၊ နေထိုင်ခွင့်ဆိုင်ရာနှင့်နေထိုင်ခွင့်သက်တမ်းတိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များ ဆောင် ရွက်နေမှုအခြေအနေ၊ တရုတ်နိုင်ငံသားများအား နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးနေမှု အခြေအနေ၊ ယင်းလုပ်ငန်းစဉ်းများအား နည်းပညာအသုံးပြု၍ ၂၄ နာရီ ဝန်ဆောင်မှုပေးနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြရာ လုပ်ငန်းတာဝန်ခံများက လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြား ရေးမှူးချုပ်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။ (-)

 

Sorry, the comment form is closed at this time.