ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးနှင့် ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးနှင့် ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး။

နေပြည်တော်၊ စက်တင်ဘာ ၂၂။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၉ နာရီခွဲတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Zhong Wei Horizon ဟိုတယ်အစည်းအဝေး ခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေး ဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယ ဌာနမှူး Mr. Jia Dong နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

11-1

          ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံဘက်မှ ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming နှင့် ဒုတိယဌာနမှူး Mr. Jia Dong တို့က တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့် နယ်စပ်နေ ပြည်သူများ အပြန်အလှန် ကူးလူးဆက်ဆံသွားလာနေမှုအခြေအနေ၊ ယူနန်ပြည်နယ် ရွှေလီ-မူဆယ် ဒေသတွင် ကိုဗစ် – ၁၉ ဖြစ်ပွားမှုကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေ၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဝင် ဝင်ထွက်သွားလာနိုင်ရေးအတွက် ယူနန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် မူဆယ်ဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေမှု အခြေအနေ၊ တရုတ်နိုင်ငံ၏ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံချက်တွင် ယူနန်ပြည်နယ် ၏ အရေးပါမှုအခြေအနေ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ဝင်/ပြည်ထွက် ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဘက်အပြန်အလှန် သတင်းအချက်အလက်များ မျှဝေနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြာ ကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာ-တရုတ် နှစ်နိုင်ငံအနေဖြင့် ကဏ္ဍပေါင်းစုံ၌ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလ နောက်ပိုင်း နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် မူဆယ်- ရွှေလီဂိတ်မှ မြန်မာနှင့်တရုတ်နိုင်ငံသားများအား နိုင်ငံကူးလက်မှတ် (Passport) ဖြင့် ဖြတ်သန်း သွားလာခွင့် ဆောင်ရွက်မည့်အခြေအနေ၊ မြန်မာ-တရုတ် နယ်စပ်စစ်ဆေးရေးဂိတ်များအား နှစ်နိုင်ငံပြည်သူများ စိတ်အေးချမ်းသာစွာ ကူးလူးဖြတ်သန်း၍ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားမဝင် ဝင်ထွက်မှုမရှိစေရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အွန်လိုင်းဖြင့် လောင်းကစားမှုများ မရှိစေရေးအတွက် အလေးဂရုပြုဆောင်ရွက်နိုင်ရေးအခြေအနေ၊ မြန်မာနိုင်ငံနှင့်နယ်နိမိတ် ရှည်လျားစွာထိစပ်နေ သည့် ယူနန်ပြည်နယ်နှင့်ပူးပေါင်းကာ နှစ်နိုင်ငံနယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကာ အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

IMG_7670

Sorry, the comment form is closed at this time.