ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နယ်၊ ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့စခန်းသို့ သွားရောက်၍ China Resident ID ကတ် ထုတ်ပေးရေးလုပ်ငန်းစဉ်များအား လှည့်လည်ကြည်ရူလေ့လာ။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နယ်၊ ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့စခန်းသို့ သွားရောက်၍ China Resident ID ကတ် ထုတ်ပေးရေးလုပ်ငန်းစဉ်များအား လှည့်လည်ကြည်ရူလေ့လာ။

နေပြည်တော်၊ စက်တင်ဘာ ၂၃။

          တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ရောက်ရှိနေသော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် ကူမင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ စက်တင်ဘာလ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့နယ်၊ ဖန်လုံမြို့ရှိ ကျင်းဆာရဲတပ်ဖွဲ့စခန်းသို့ သွားရောက်ရာ အဆိုပါရဲတပ်ဖွဲ့စခန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေး ဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ် Mr. Hu Xiaoming၊ ယူနန်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးဌာန ဒုတိယဌာနမှူး Mr. Jia Dong နှင့် ကျင်းဆာရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

IMG_7800

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ်နှင့်စခန်းတာဝန်ခံတို့က ကျင်းဆာရဲတပ်ဖွဲ့စခန်း၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း တာဝန်များ၊ ပြည်သူများအတွက် လိုအပ်သောဝန်ဆောင်မှုများပေးနိုင်ရန် စုံစမ်းရေးနှင့် မှတ်ပုံတင်ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်မှု၊ ပြည်သူများအနေဖြင့် အမှုအခင်းဖြစ်ပွားခြင်းအတွက် တိုင်ကြားခြင်း လုပ်ငန်းများဆောင်ရွက်မှု၊ နယ်မြေဒေသအတွင်း အိမ်ထောင်စုစာရင်းများ ဆောင်ရွက်မှုနှင့်၊ မြို့နယ်ကျော် လိပ်စာပြောင်းရန်နှင့် အိမ်ထောင်စု စာရင်း ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းများ လက်တွေ့ဆောင်ရွက်ပေးနေမှု၊ ယာဉ်မောင်းလိုင်စင်လျှောက်ထားရန်အတွက် လိုအပ်သောစစ်ဆေးမှုများဆောင်ရွက်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ Resident ID ကတ် လျှောက်ထားမှုနှင့် ID ကတ်ပျောက်ဆုံးမှုများအတွက် ကာယကံရှင်ကိုယ်တိုင် မိမိ၏ အချက်အလက်များဖြည့်သွင်းလျှောက်ထားနိုင်သည့်စက်နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကာယကံရှင်၏အချက်အလက်များ မှန်ကန်မှုရှိ/မရှိ အွန်လိုင်းစနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကတ်အသစ်ထုတ်ပေးရန် ဆောင်ရွက်သည့်လုပ်ငန်းအခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။

IMG_7819

IMG_7787

          ယင်းနောက်ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး၊ နိုင်ငံတကာဆက်ဆံရေး ဌာနကြီးမှူး ညွှန်ကြားရေးမှူးချုပ်နှင့် စခန်းမှ တာဝန်ရှိသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကြပြီး ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.