ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး။

နေပြည်တော်၊ စက်တင်ဘာ ၂၇။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး Dr. Md. Monwar Hossain နှင့် အဖွဲ့အား စက်တင်ဘာလ (၂၇) ရက်၊ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

IMG_8182

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသည် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းကောင်း မိတ်ဆွေရင်းများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ နယ်စပ် ဒေသများ၌ နှစ်နိုင်ငံပြည်သူများရင်းနှီးချစ်ကြည်စွာ ဝင်/ထွက်သွားလာနေမှုအခြေအနေ၊ ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့် ပြန်လည်ဝင်ရောက်မည့်သူ များ၏ အချက်အလက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် စိစစ်ပြန်ကြားပြီးစီးမှုအခြေအနေ၊ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် မြန်မာနိုင်ငံအနေဖြင့် ကြိုတင်ပြင်ဆင်ထားရှိမှုများ အဆင်သင့်ဖြစ်နေသော်လည်း ပြန်လည်ဝင်ရောက်မည့်အစီအစဉ်ပျက်ပြားစေရန် နိုင်ငံ၊ အဖွဲ့အစည်း အချို့မှ  စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

IMG_8189

Sorry, the comment form is closed at this time.