ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား MoU လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNHCR တို့အကြား MoU လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆွေးနွေး။

 နေပြည်တော်၊ အောက်တိုဘာ ၉  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား အောက်တိုဘာလ (၉) ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

IMG_8482

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် ဝန်ကြီးဌာနနှင့် UNDP – UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရန် MoU ပါအချက်အလက်၊ အသုံးအနှုန်းများ ပြင်ဆင်၊ အတည်ပြုဆောင်ရွက်နိုင်ရေးအခြေအနေများ၊ MoU တွင် ထည့်သွင်းဖော်ပြမည့် စကားလုံးအသုံးအနှုန်းများနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုအပေါ် ပြန်လည် ပြင်ဆင်ပြုစုနိုင်ရေးအခြေအနေများ၊ MoU ချုပ်ဆိုရန် ဆောင်ရွက်နေစဉ်ကာလအတွင်း UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများအတွက် ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများ၊ ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်နိုင် ရေးနှင့်ပတ်သက်သည့် လုပ်ငန်းများထိရောက်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီး ဌာနနှင့် UNHCR တို့အကြား ရိုးရှင်းသည့် MoU တစ်ရပ်ဖြစ်စေရေးအတွက် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သင့်သည့်အခြေအနေများ၊ မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်နေသည့် နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား UNHCR အနေဖြင့် သိရှိနားလည်ပြီး အပြုသဘောဆောင် သည့် ပူးပေါင်းကူညီမှုများ ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။(-)

IMG_8473

Sorry, the comment form is closed at this time.