ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟို ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) တက်ရောက်၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်က မပြီးပြတ်သေးသည့်လုပ်ငန်းများအား အချိန်မီ ပြီးစီးအောင်မြင်ရေး ဆက်လက်ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟို ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၃) တက်ရောက်၊

မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်က မပြီးပြတ်သေးသည့်လုပ်ငန်းများအား အချိန်မီပြီးစီးအောင်မြင်ရေး

ဆက်လက်ဆောင်ရွက်ကြရန်တိုက်တွန်းပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ။

          မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၃) ကို နိုဝင်ဘာလ ၁၅ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက် ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင် ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။

IMG_9624 IMG_9789

          အစီအစဉ်အရ ရှေးဦးစွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်မှ (၃၁) ရက်အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း (၂၀) သတ်မှတ်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းအား e-ID Software ဖြင့် ထုတ်ယူထား သည့် အိမ်ထောင်စုစာရင်းဖြင့် တိုက်ဆိုင်ကောက်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိဒေသ၌ အိမ်ထောင်စု စာရင်းမရှိသူများအား အလွတ်ပုံစံများဖြင့် ဖြည့်သွင်းကောက်ယူခဲ့ခြင်းဖြစ်သည့်အပြင် မသန်စွမ်း (၅) မျိုး စာရင်းကိုပါ တစ်ပါတည်းကောက်ယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် လွတ်လပ် ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျ သည့် မှန်ကန်သောမဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးအတွက် မှန်ကန်သောလူဦးရေစာရင်းရရှိနိုင်ရန် ဖြစ်ပါကြောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖြင့် ကောက်ယူရရှိခဲ့သည့် စာရင်းဇယား၊ အချက်အလက်များကို တိုင်းဒေသကြီး/ပြည်နယ် အလိုက် မှတ်တမ်းမျာစုစည်း၍ မြို့နယ်ဦးစီးမှူးရုံးရှိ ရုံးလက်ခံများနှင့်တိုက်ဆိုင်စိစစ်ပြီး Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်းရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စိစစ်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ စာရင်းကောက်ယူမှုအနေဖြင့် e-ID Software ဖြင့် ထုတ်ယူထားသည့် အိမ်ထောင်စု စာရင်းနှင့်တိုက်ဆိုင်စစ်ဆေးကောက်ယူခဲ့သည့် အိမ်ထောင်စု(၁၂ ဒဿမ ၁)သန်းကျော်၊လက်ရှိဒေသ ၌အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စု (၂ ဒဿမ ၈) သန်းကျော်၊ စုစုပေါင်းအိမ်ထောင်စု (၁၄ ဒဿမ ၉) သန်းကျော် ကောက်ယူပြီးစီးပြီဖြစ်ရာ ရာခိုင်နှုန်း ပြည့်နီးပါးပြီးစီးပြီဖြစ်ပါကြောင်း၊ ယင်းတို့အနက် အလွတ်ပုံစံများဖြင့်ကောက်ယူခဲ့သည့် အိမ်ထောင်စု (၂ ဒဿမ ၈) သန်းကျော်တွင် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အမှန်တကယ် ရရှိကိုင်ဆောင်ခြင်းရှိ/မရှိ ပြန်လည်စိစစ်ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးအပ်မည်ဖြစ်ပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဖွဲ့စည်းထားသည့် (၅) ဦးကော်မတီဖြင့် အသေးစိတ်စိစစ်အတည်ပြုကာ နိုင်ငံသားအရည်အချင်းနှင့်ကိုက်ညီသူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ မဖြစ်မနေ ဆောင်ရွက်ထုတ်ပေးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ညှိနှိုင်းပေါင်းစပ် ကြပ်မတ်ဆောင်ရွက်ပေး ကြရန်အရေးကြီးပါကြောင်း၊ ထို့ပြင် အမျိုးသားမှတ်ပုံတင်ကတ်ပြားကိုင်ဆောင်ထားသူများ၊ အသက် (၁၆)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက် (၁၈) နှင့်နှင့်အထက်ရှိသည့် မည်သည့်ကတ်ပြားမှ ကိုင်ဆောင် ထားခြင်းမရှိသူများ၊ အချက်အလက်ကွဲလွဲနေသူများအား စနစ်တကျ တိုက်ဆိုင်စိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုအပ် ပါကြောင်း၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များတွင်ပါရှိသည့် e-ID Server အတွင်း လူတစ်ဦးချင်းစီ၏ အချက်အလက်များကို Soft Copy /Hard Copy တို့နှင့် တိုက်ဆိုင်စစ်ဆေး၍ သက်ဆိုင်ရာကော်မတီအဆင့်ဆင့်က ညွှန်ကြားချက်များအတိုင်း စိစစ်ကြပ်မတ် အတည်ပြု ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာစာရင်း များကိုလည်း နောက်ဆုံးထုတ်ပြန်ထားသည့် ဖွဲ့စည်းမှုများနှင့် ကိုက်ညီစေရေး ပြန်လည်ပြင်ဆင် ပြုစုထားကြရန်လည်း လိုအပ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး မှ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်မှုကြောင့် မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက်သည့် ပန်းခင်း စီမံချက်အဆင့် (၁) ကို (၉၇ ဒဿမ ၉၆) ရာခိုင်နှုန်း၊ ပန်းခင်းစီမံချက်အဆင့်(၂)ကို (၇၃ ဒဿမ ၆၆) ရာခိုင်နှုန်း ပြီးစီးအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း ပန်းခင်းစီမံချက် အဆင့် (၂) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်အပြီးဆောင်ရွက်ရန်လျာထားရာ ရာနှုန်းပြည့်ပြီးစီး အောင်မြင်ရေးအတွက် အားလုံးက ဆက်လက်ပံ့ပိုးကူညီ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါ ကြောင်း၊ ယခု ဆောင်ရွက်နေသည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူထားသည့် စာရင်းဇယား အချက်အလက်များအား ကော်မတီအဆင့်ဆင့်က လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်အတည်ပြုပြီးပါက ဗဟိုကော်မတီမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များသည် ရွေးကောက်ပွဲစတင် ကျင်းပချိန်မှသာ ပြီးဆုံးမည်ဖြစ်သည့်အတွက် မပြီးပြတ်သေးသည့်လုပ်ငန်းများအား အချိန်မီပြီးစီး အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးနှင့် ပန်းခင်းစီမံချက် လုပ်ငန်းစဉ်များဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်း ဆွေးနွေးပေးကြစေလို ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

          ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးနှင့် ပန်းခင်းစီမံချက်လုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ဗဟိုကော်မတီမှ ဖြည့်ဆည်းပေးရန် လိုအပ်ချက် များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီပြီးစီးရေးအတွက် ဌာနအလိုက်ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပြီး အချိန်ကာလသတ်မှတ်ချက်များအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.