ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအား တွေ့ဆုံပွဲသို့တက်ရောက်၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် 

သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များအား တွေ့ဆုံပွဲသို့တက်ရောက်၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင်မြင်ရေး

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား

နေပြည်တော်၊ နိုဝင်ဘာ ၁၈ ။

        မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မကွေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ နိုဝင်ဘာလ ၁၇ ရက်၊ မွန်းလွဲ (၁) နာရီက မကွေးမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များအား တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

IMG_9844

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာတွင် အရေးအကြီးဆုံးဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးသည် အရေးကြီးပါကြောင်း၊ မဲစာရင်းမှန်ကန်ရေးအတွက် တိကျသည့် လူဦးရေစာရင်းရရှိစေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖွဲ့စည်းကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်မှ (၃၁) ရက်အထိ ရုံးပိတ်ရက်မပါ ရက်ပေါင်း (၂၀) သတ်မှတ်၍ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ ကောက်ယူရရှိ သည့်စာရင်းဇယား၊ အချက်အလက်များကိုလည်း တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မှတ်တမ်း များစုစည်း၍ လဝကမြို့နယ်ဦးစီးမှူးရုံးများရှိ ရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စိစစ်၍ Online စနစ်ဖြင့် ရုံးချုပ်ရှိ e-ID Server အတွင်း အချက်အလက်များဖြင့် တိုက်ဆိုင်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် စုစုပေါင်းအိမ်ထောင်စု (၁၂ ဒဿမ ၄) သိန်းကျော်ကို မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ e-ID Software ဖြင့်ထုတ်ယူထားသည့် အိမ်ထောင်စု စာရင်းဖြင့်ကောက်ယူမှု (၈ ဒဿမ ၄) သိန်းကျော်၊ အိမ်ထောင်စုစာရင်းမရှိသဖြင့် အလွတ်ပုံစံများ ဖြင့် ကောက်ယူမှု (၉) သောင်းခန့်၊ စုစုပေါင်း (၉ ဒဿမ ၃) သိန်းကျော် ကောက်ယူပြီးစီးခဲ့ကြောင်း၊ နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ကောက်ယူရန်ကျန်ရှိ ဒေသအနည်းငယ်ရှိနေသော်လည်း တတ်နိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ကောက်ယူဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ယင်းစာရင်း များအရ အိမ်ထောင်စုစာရင်းရှိသော်လည်း နိုင်ငံသားကတ်မရှိသေးသူများ၊ အလွတ်ပုံစံဖြင့် ကောက်ယူ ခဲ့သည့် အိမ်ထောင်စုများအတွက် အမှန်တကယ်အိမ်ထောင်စုစာရင်းရှိ/မရှိ စိစစ်၍ မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် (၅) ဦးကော်မတီဖြင့် အသေးစိတ်စိစစ်အတည်ပြုကာ နိုင်ငံသား အရည်အချင်းနှင့် ကိုက်ညီသူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက် ပေးကြရန် လိုအပ်ပါကြောင်း၊ထို့ပြင် အချက်အလက်ကွဲလွဲနေသူများ၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်ဆောင်ထားသူများ၊ အသက် (၁၆) နှစ်နှင့် (၁၈) နှစ်ကြား ၊ အသက် (၁၈) နှစ်နှင့်အထက် မည်သည့်ကတ်ပြားမျှ ကိုင်ဆောင်ထားခြင်းမရှိသူများကိုလည်း စနစ်တကျစိစစ်၍ ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေး ဆောင်ရွက်ပေးကြရန် လိုကြောင်း၊သို့မှသာ ရွေးကောက်ပွဲကျင်းပချိန်တွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်ကိုလည်း မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက် လျက်ရှိပြီး နိုင်ငံအတွင်းနေထိုင်သူအားလုံးအား ကိုယ်ရေးအချက်အလက်နှင့် ဇီဝအချက်အလက်များ ကောက်ယူ ၍ Database အတွင်းသိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင် သည့် Unique ID နံပါတ်သတ်မှတ်ထုတ်ပေးလျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားကတ်ရရှိပြီးသူများကို e-ID စနစ်ဖြင့် Biometric ကောက်ယူ ဆောင်ရွက်သကဲ့သို့ နိုင်ငံသားကတ်အသစ်လျှောက်ထားသူများကိုလည်း တပါတည်း Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းကိုပါ ဆောင်ရွက်ပေးလျက်ရှိရာ  ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးအတွက် တိုက်တွန်းနှိုးဆော် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ် (၂၀) ကျော်ကိုရွေးချယ်၍ စာရင်း ကောက်ကွက် (၁၀၀) သတ်မှတ်ကာ အောင်မြင်စွာ ကောက်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် စမ်းသပ်သန်းခေါင်စာရင်းကို ပခုက္ကူမြို့နယ်တွင် ကောက်ကွက် (၇)ကွက် ရွေးချယ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယင်းအောင်မြင်မှု အတွေ့အကြုံများအရ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ (၁၅) ရက်ကြာ ကောက်ယူသွားမည်ဖြစ်ရာ လုပ်ငန်းများအောင်မြင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာစသည့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းကာ မထပ်မကျန် စာရင်းမှန်ရရှိရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ယခုလုပ်ငန်းစဉ်များသည် မိမိတို့ဌာနက တာဝန်ယူဆောင်ရွက်ရသော်လည်း ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲများ၊ ဒေသခံပြည်သူများ၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများကိုလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏အနာဂတ်အတွက် အရေးကြီးပြီး အချိန်ကာလသတ်မှတ်ချက်များ အတွင်း မဖြစ်မနေအောင်မြင်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

IMG_9852

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူဆောင်ရွက်မှုနှင့် ကောက်ယူရန်ကျန်ရှိသည့် ဒေသများအား ဆက်လက်ကောက်ယူ ဆောင်ရွက်မည့်အစီအစဉ်၊ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သက်ဆိုင်ရာကော်မတီဝင်များက လုပ်ငန်းများအောင်မြင်ရေး အတွက်  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက နယ်မြေဒေသအလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမှုနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း‌ကောက်ယူရေးအတွက် စီစဉ်ထားရှိမှု၊ မဲစာရင်း မှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်မဲပေးနိုင်ရေး အတွက် ဆောင်ရွက်မှုအခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအဆောက်အဉီအခြေအနေနှင့် ရုံးခန်းများဖွဲ့စည်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိသည်။ (-)

Sorry, the comment form is closed at this time.