ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား ကိုယ်ရေး အချက်အလက်များကောက်ယူ၍ e-ID စနစ်လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး၊ ရုံးအဆောက်အဦးများအားကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များမှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား ကိုယ်ရေး အချက်အလက်များကောက်ယူ၍

e-ID စနစ်လုပ်ငန်းဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုအားပေး၊ ရုံးအဆောက်အဦးများအားကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များမှာကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ (၂)ရက်၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းသို့ သွား ရောက်၍ အဆိုပါကျောင်း သစ္စာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မော်လမြိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားကတ်မရရှိသေးသည့် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးပြီး e-ID စနစ်အတွက် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူခြင်းလုပ်ငန်းအား တစ်ပါတည်း ဆောင်ရွက်ပေးနေမှု အခြေအနေ များကိုလည်းကောင်း၊ နိုင်ငံသားကတ်ရှိပြီးသူများအား ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။

IMG_0854

         IMG_0872 ထို့နောက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်အချက်များ မှာကြား ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဒေသခံပြည်သူ များအား လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအပေါ် တွေ့ကြုံရသည့်အခက်အခဲများ၊ Unique ID နံပါတ်ရရှိပြီးသူများအား နောင်တွင် Smart Card ထုတ်ပေးသွားမည့် အစီစဉ်များကို မေးမြန်းဆွေးနွေးပြောကြား၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့၊ မွန်ပြည်နယ်ဦးစီးမှူးရုံး ရုံးဝန်းအတွင်းရှိ မော်လမြိုင်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများသို့ သွားရောက်၍ ရုံးအဆောက်အဦး များနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ ပြည်သူများ နားနေရန် စီစဉ်ဆောင်ရွက်ထားသည့်နေရာ၊ မြို့နယ်ရုံး၏ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အဦးနှင့် ပတ်ဝန်ကျင် သန့်ရှင်းသပ်ယပ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မှတ်တမ်းများ ပျက်စီး ဆုံးရှုံးမှုမရှိစေရေးနှင့် ရေရည်ထိန်းသိမ်းနိုင်ရေးတို့အတွက် စီမံဆောင်ရွက်ထားရှိရေး၊ ဝန်ထမ်း များ၏ နေထိုင်မှုနှင့် သွားလာလုပ်ကိုင်ဆောင်ရွက်မှုတိုင်းတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိစေရေး အလေးထားဆောင်ရွက်ကြရန်မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_0861IMG_0883

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်ဦးစီးမှူးရုံး၊ ရုံးခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို ရင်းနှီး ချစ်ကြည်စွာဖြင့် လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီးဝန်ထမ်းစားရိပ်သာအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.