ပြည်ထောင်စုဝန်ကြီ ဦးမြင့်ကြိုင်၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုဒဏ်ခံရသည့် စစ်တွေမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦးများ ထိခိုက်ပျက်စီးမှု လှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ပြည်ထောင်စုဝန်ကြီ ဦးမြင့်ကြိုင်၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုဒဏ်ခံရသည့် စစ်တွေမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးအဆောက်အဦးများ

ထိခိုက်ပျက်စီးမှုလှည့်လည်ကြည့်ရှု၊ ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မေ ၂၆။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင် သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ မေ လ ၂၆ ရက်၊ ယနေ့ နံနက် (၈)နာရီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စစ်တွေခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများသို့ လှည့်လည် သွားရောက် ကြည့်ရှု စစ်ဆေးသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မိုခါမုန်တိုင်းဒဏ်ကြောင့် ဝန်ထမ်းစုပေါင်းအိမ်ရာ၌ ဝန်ထမ်းတိုက်ခန်းများ၏ အမိုးအကာများထိခိုက်ပျက်စီးမှု၊ ရုံးဝန်းအတွင်း သစ်ပင်ကြီးများပြိုလဲ နေမှု၊ လျှပ်စစ်မီးကြိုးများ ပြုတ်ကျနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများမှ လိုက်လံရှင်းလင်းတင်ပြကြသည်။

IMG_1518

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြိုလဲသွားသည့်သစ်ပင်သစ်ကိုင်းများ ရှင်းလင်းဖယ်ရှားရေးနှင့် လျှပ်စစ်ဝါယာကြိုးများ၊ မီးတိုင်များ ပြန်လည်ပြုပြင်ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ကာ အမြန်ဆုံးဆောင်ရွက်ရန်နှင့် ဝန်ထမ်းတိုက်ခန်းများ ပြန်လည်ပြုပြင်ရေးအတွက် ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများနှင့်စပ်လျဉ်း၍  ရှင်းလင်းမှာကြား သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ မိုခါ မုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အဦး ပျက်စီးမှု၊ ရုံးခန်းအတွင်း သစ်ပင်ကြီးများ ပြိုလဲမှု အခြေအနေနှင့် မြို့နယ်ရုံး မှတ်တမ်းခန်းအတွင်း ပြည်သူများ၏ ကိုယ်ရေးမှတ်တမ်းဖိုင်များ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် ရုံးခန်းအတွင်းရှိ ဝန်ထမ်းအိမ်ဆောင်များ ထိခိုက်ပျက်စီးမှု၊ သစ်ပင်များ ပြိုလဲမှုနှင့် ရုံးအဆောက်အဦးများ၊ ထိခိုက်ပျက်စီးမှု၊  ရုံးခြံစည်းရိုးအုတ်တံတိုင်းများ  ပြိုကျပျက်စီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုခါမုန်တိုင်းမကျမီ ကြိုတင် သတင်းရရှိသည့်နှင့် ဝန်ထမ်းများအား ရုံးစာရွက်စာတမ်းများအား ကွန်ပျူတာတက္ကသိုလ်သို့ ယာယီရွှေ့ပြောင်းထားရှိမှုနှင့် မုန်တိုင်းဒဏ်ကြောင့် ရုံးအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးဆုံးရှုံးမှု၊ ရုံးအဆောက်အဦးများပေါ်သို့ သစ်ပင်ကြီးများ ပြိုလဲပျက်စီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပျက်စီးပြိုလဲသည့် သစ်ပင်ကြီးများ အမြန်ဆုံး ရှင်းလင်းဖယ်ရှားကာ  ကိုယ့်အားကိုယ့်ကိုး ပြုပြင်နိုင်သည့်ကိစ္စရပ်များအား ဦးစားပေး ဆောင်ရွက် ကြရေး၊ ရုံးအဆောက်အဦးနှင့် ဝန်ထမ်းအိမ်ရာများပြုပြင်နိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်မည် အခြေအနေများကို ရှင်းလင်းပြောကြား၍  ထိခိုက်ပျက်စီးမှုမရှိသည့် အဆောက်အဦးများတွင် ရုံးစာရွက်စာတမ်းနှင့် ရုံးသုံးပစ္စည်းများ စနစ်တကျ ပြန်လည်နေရာ ချထားရန်နှင့် ယာယီရွှေ့ပြောင်းထားသည့် ဝန်ထမ်းမိသားစုများကိုလည်း ပြုပြင်ပြီး အိမ်ရာ အဆောက်အဦးများ၌ စနစ်တကျ ပြန်လည်နေရာချထားနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

IMG_1575 IMG_1585

          ပြည်ထောင်စုဝန်ကြီးသည် မွန်းလွှဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး အစည်း အဝေးခန်းမ၌ ရခိုင်ပြည်နယ်နှင့် စစ်တွေခရိုင်တို့မှ ဝန်ထမ်းများအား တွေ့ဆုံ၍ မိုခါ မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုးများအတွက် ပြန်လည်ပြုပြင်ဖြည့်ဆည်းပေးမည့် အစီအစဉ် များနှင့် နိုင်ငံတော်မှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းအခြေအနေများ၊ ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွှတ်စွာဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ အားပေးစကားပြောကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံ အသီးသီးပေးအပ်ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

4rkh

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စစ်တွေမြို့နယ်ဦးစီးမှုးရုံး၌ မြို့နယ်ရုံးဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို မြို့နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုဒဏ်ခံရသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရခိုင်ပြည်နယ် ဦးစီးမှူးရုံး၊ စစ်တွေခရိုင်ဦးစီးမှူးရုံးနှင့် စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင် စသည့်မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် သိန်း (၂၀၀)နှင့် ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ပဲဘူး အပါအဝင် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.