ဝ အထူးဒေသ (၂)၊ မိုင်းပေါက်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး Bill Board စိုက်ထူ၊ သန်းခေါင်စာရင်းနည်းပြသင်တန်း ဖွင့်လှစ် ပို့ချ။

ဝ အထူးဒေသ (၂)၊ မိုင်းပေါက်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး Bill Board  စိုက်ထူ၊ သန်းခေါင်စာရင်းနည်းပြသင်တန်း ဖွင့်လှစ် ပို့ချ။

နေပြည်တော်၊ ဇွန် ၂၅ ။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူ နိုင်ရေးအတွက် လူထုအသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူခြင်းကို တိုင်းဒေသကြီး/ ပြည်နယ် အသီးသီး၌ ခရိုင်အလိုက် မြို့ကြီးများတွင် ဆောင်ရွက်လျက်ရှိရာ ဝ အထူးဒေသ (၂) မိုင်းပေါက်ခရိုင်အတွင်း သန်းခေါင် စာရင်းဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူပွဲကို ဇွန်လ (၂၅) ရက်၊ ယနေ့နံနက် (၈)နာရီက မိုင်းပေါက်မြို့၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနီး၌ ကျင်းပရာ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းပြည်နယ်အရှေ့ပိုင်း) အဖွဲ့ဝင် ဦးလုကာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာ၊ ဝ အထူးဒေသ (၂) မိုင်းပေါက် ခရိုင် အတွင်းရေးမှူး ဦးလီအိုက်ရိုင်း၊ ဒုတိယအတွင်းရေးမှူး ဦးကျန်ကျာလော၊ ဒုတိယခရိုင်မှူး ဦးအားဖာတို့က Bill Board ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

IMG_20240625_074208

          ယင်းနောက် ဝ အထူးဒေသ(၂) အတွင်း သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေး အတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း နည်းပြသင်တန်းဖွင့်ပွဲ ကို နံနက် (၉)နာရီတွင် မိုင်းပေါက်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဆက်လက် ကျင်းပရာ အစီအစဉ်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာက သန်းခေါင်စာရင်းကောက်ယူရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့အင်အားဦးစီးဌာနမှ သင်တန်းနည်းပြ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်သီသီနွယ်က သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြား၍ သန်းခေါင် စာရင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အမှတ်တရပစ္စည်းများကို ဝ အထူးဒေသ(၂) ခေါင်းဆောင်များနှင့် တာဝန်ရှိသူများအား ပေးအပ်သည်။

          ထို့နောက် မိုင်းပေါက်ခရိုင်အတွင်းရေးမှူး ဦးလီအိုက်ရိုင်းနှင့် ဒုတိယအတွင်းရေးမှူး ဦးကျန်ကျာလောတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားများပြောကြားကြပြီး တက်ရောက်လာကြသည့် ဝ အထူးဒေသ(၂)မှ ခေါင်းဆောင်များနှင့် မိတ်ဆက်ပေးကာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

IMG_20240625_082327_479

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနည်းပြသင်တန်းကို လာမည့် ဩဂုတ်လတွင် ဖွင့်လှစ်ရန် လျာထားသော်လည်း ဝ အထူးဒေသ(၂)၌ လိုအပ်ချက်အရ ယခုဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အဆိုပါ နည်းပြသင်တန်းသို့ ဝ တိုင်းရင်းသား (၁၇)ဦး၊ ဝ တိုင်းရင်းသူ (၁၃)ဦး၊ စုစုပေါင်းသင်တန်းသား/ သင်တန်းသူ (၃၀) ဦး တက်ရောက်ကြ၍ သင်တန်းကာလမှာ (၁၀)ရက် ကြာမြင့်မည်ဖြစ်ပြီး နည်းပြသင်တန်းတက်ရောက်ပြီးသူများက မြို့နယ်အလိုက် ဆင့်ပွားသင်တန်း များ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.