အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်မှာကြား၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ဝန်ထမ်းများ ရုံးပြန်လည်တက်ရောက်နေမှုနှင့် ဌာနမှဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေရာချထားသည့် နေရာ အသီးသီးသို့လိုက်လံ ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများပေးအပ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်မှာကြား၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ဝန်ထမ်းများ ရုံးပြန်လည်တက်ရောက်နေမှုနှင့် ဌာနမှဝန်ထမ်းများ ယာယီရွှေ့ပြောင်းနေရာချထားသည့် နေရာ အသီးသီးသို့လိုက်လံ ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းများပေးအပ်။

 နေပြည်တော်၊ ဧပြီ  ၂၂ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးဌာနအဆင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ(၂၂)ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

IMG_6473

          အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ကြီးဌာနအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီးဖြစ်၍ လုပ်ငန်းများအချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေး၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊  လုပ်ငန်းကော်မတီ အလိုက် လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက် သတ်မှတ်ချိန်အမီပြီးစီးရေး၊ ရုံးအဆောက်အဉီ များ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ယာယီရွှေ့ပြောင်းနေထိုင်ရာနေရာများ လုံခြုံမှုနှင့် သောက်သုံးရေ၊ လျှပ်စစ်မီးရရှိရေး၊ မိလ္လာများကောင်းမွန်ရေး၊ ဝန်ထမ်းများသတ်မှတ် အင်အားအချိုးအစားအတိုင်း ရုံးပြန်လည်တက်ရောက်နိုင်ရေးနှင့် ရုံးခန်းများအလိုက် သန့်ရှင်းသပ်ရပ်စွာ လုပ်ငန်းများဆောင်ရွက် နိုင်ရေးအတွက် စီမံဆောင်ရွက်ပေးရေး၊ ယာယီရွှေ့ပြောင်းနေထိုင်ရာ နေရာများကို မိုးရာသီတွင် အဆင်ပြေစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း မှာကြားပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆိုင်ရာတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

IMG_6654

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများ၌ သက်ဆိုင်ရာရုံးခန်းများအတွင်း ဝန်ထမ်းများ ရုံးပြန်လည်တက်ရောက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ Online စနစ်ဖြင့် e-Visa လုပ်ငန်းများနှင့် နိုင်ငံခြားသား ထိန်းသိမ်းရေးလုပ်ငန်းများ အဆင်ပြေစွာ ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေ များကိုလည်းကောင်း၊ ပြည်သူ့အင်အားဆိုင်ရာ သန်းခေါင်စာရင်းအချက်အလက်များ စိစစ်ဖြည့် သွင်းဆောင်ရွက်နေမှုနှင့် ဆာဗာခန်းအခြေအနေတို့ကိုလည်းကောင်း၊ e-ID စနစ်ပြန်လည် လည်ပတ်ဆောင်ရွက်နေမှု၊ e-ID ဆာဗာခန်းအခြေအနေနှင့် e-ID စနစ်လုပ်ငန်းဆောင်ရွက်ရန် ကွန်တိန်နာ Box များ တည်ဆောက်တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေတို့ကိုလည်းကောင်း၊ တစ်ခန်းချင်းအလိုက် လှည့်လည်ကြည့်ရှုစစ်ဆေးကာ  လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ မဟာဓမ္မပါရမီမိုးကုတ်ရိပ်သာသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ လှူဖွယ် ဝတ္ထုပစ္စည်းများဆက်ကပ်၍ ဝန်ထမ်းများယာယီနေထိုင်ခွင့်ပြုနိုင်ရေးနှင့် သာသနာရေးဆိုင်ရာ များလျှောက်ထားပြီးနောက် အဆိုပါရိပ်သာဗိမ္မာန်တော်ကြီး၌ ငလျင်ဒဏ်ခံစားရသည့် ဌာနမှ ဝန်ထမ်းများယာယီရွှေ့ပြောင်းနေရာချထားမှုများကိုကြည့်ရှုကာ ဝန်ထမ်းများအား ထောက်ပံ့ ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို အသီးသီးထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းယာယီ အိပ်ဆောင်များ၊ ရေ၊ မီး၊ မိလ္လာ အဆင်ပြေစွာဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။

IMG_6777

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် လက်လုပ်တောင်အနီးရှိ နှင်းသဇင်ဦးခြံတွင် ယာယီရွှေ့ပြောင်းရောက်ရှိနေသည့်ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်ပြီးနောက် ဝန်ထမ်းများနေရာချထား မှုနှင့် သောက်သုံးရေရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။(-)

Sorry, the comment form is closed at this time.