အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပျဉ်းမနားမြို့နယ်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်စိစစ်ထုတ်ပေးမှု ကြည့်ရှုအားပေး၊ ငလျင်ဒဏ်ခံခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပျဉ်းမနားမြို့နယ်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးစခန်း၌ ငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်စိစစ်ထုတ်ပေးမှု ကြည့်ရှုအားပေး၊ ငလျင်ဒဏ်ခံခဲ့ရသည့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်ဦးစီးမှူးရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး။

နေပြည်တော်၊ ဧပြီ ၂၄ ။

          အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ (၂၄) ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ တပေါင်းကွင်း၌ မြေငလျင်ဒဏ်ခံရသည့် ပြည်သူ များအတွက် ဖွင့်လှစ်ထားရှိသည့် မြို့နယ်သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ အဆိုပါစခန်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ငလျင်ဒဏ်ကြောင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသွားသူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြန်လည်စိစစ်ထုတ်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြား ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

IMG_7611

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမြန်ပြန်လည်ထုတ်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ကာ စာရင်းပြုစုရယူဆောင်ရွက် ရေးမှာကြားကာ ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသူများ ပြန်လည်လျှောက်ထားရယူ နိုင်ရေး အသိပေးနှိုးဆော်ဆောင်ရွက်ပေးရေး ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက် ကယ်ဆယ် ရေးစခန်းရှိ ပြည်သူများအားလိုအပ်ချက်များမေးမြန်း၍ နှုတ်ဆက်အားပေးစကား ပြောကြား သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဦနှင့် မှတ်တမ်းခန်းများ ထိခိုက်ပျက်စီးမှု၊ ရုံးပရိဘောဂနှင့်  အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။

IMG_7677

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကိုယ်ရေးမှတ်တမ်းများ ထားရှိနိုင်ရန် ကွန်တိန်နာ Box များတည်ဆောက်တပ်ဆင်မည့်နေရာအား ကြည့်ရှုစစ်ဆေးပြီးနောက် ရုံးဝန်းအတွင်း ယာယီ ရုံးဖွင့်လှစ်၍ ပုံမှန်ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှု၍ ဝန်ထမ်းများအား ပြန်လည် တည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်း မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက် ၍ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဉီနှင့် ရုံးခန်းများ ထိခိုက်ပျက်စီးမှု၊ ရုံးပရိဘောဂနှင့် ရုံးသုံး ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ပစ္စည်း များပြန်လည်ဆယ်တင်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး မှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ဦးစီးမှူးရုံး သို့သွားရောက်၍ အဆိုပါ ဦးစီးမှူးရုံးနှင့် ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား တွေ့ဆုံ အားပေးစကားပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။

IMG_7686

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)ဦးစီးမှူးရုံး ၏ ရုံးခန်းများအခြေအနေနှင့် အဆိုပါရုံးဝန်းအတွင်း ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူးရုံး ယာယီရုံးဖွင့်လှစ် ထားရှိမှုကိုကြည့်ရှု၍ ယာယီရုံးအား မိုးလုံလေလုံဖြစ်စေရေးနှင့် ငလျင်ဒဏ်ခံရသည့် ပြည်သူများ အတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးမှုများ ပြန်လည်စိစစ်ဆောင်ရွက်ပေးရေး၊ ရုံးစာရွက်စာတမ်းမှတ်တမ်းမှတ်ရာများ ပျက်စီးဆုံးရှုံးမှုမရှိ စေရေး အလေးထားဆောင်ရွက်ရန်မှာကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

           ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဉီနှင့် ရုံးခန်းများ ထိခိုက်ပျက်စီးမှု၊ ရုံးစာရွက်စာတမ်းနှင့် အသုံးအဆောင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ရုံးစာရွက်စာတမ်းနှင့် ကိုယ်ရေးမှတ်တမ်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ထား ရှိမှု၊ ယာယီရုံးဖွင့်လှစ်ဆောင်ရွက်နိုင်ရေးစီစဉ်ထားရှိမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို လိုက်လံ ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူကိုဝန်ဆောင်မှုပေးသည့် ဌာနဖြစ်သည်နှင့် အညီယာယီရုံးအမြန်ဆုံးပြန်လည်ဖွင့်လှစ်၍ ငလျင်ဒဏ်ခံရသည့် ပြည်သူများအတွက် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြန်လည် စိစစ်ထုတ်ပေးနိုင်ရေးနှင့် e-ID စနစ်အတွက် Unique ID နံပါတ် ထုတ်ပေးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးနိုင်ရေး၊ ယင်းလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ပျက်စီး၊ ပျောက်ဆုံးမှုစာရင်းများ ပြုစု ဆောင်ရွက်နိုင်ရေးမှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ် ဦးစီးမှူးရုံးမြေနေရာသို့သွားရောက်၍ ယင်းနေရာ၌ ယာယီရုံးဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား ယာယီရုံးအား မိုးလုံလေလုံ ဖြစ်စေရေးနှင့် ခိုင်ခံ့မှုရှိစေရေး၊ ဝန်ထမ်းများ ရုံးလုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နိုင်ရေး၊  ရေ၊ မီးရရှိရေးနှင့်လုံခြုံမှုရှိစေရေး ဂရုပြုဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.