ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊

နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ ၂၇။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire နှင့်အဖွဲ့အား ဒီဇင်ဘာလ (၂၇) ရက်၊ ယနေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအနေဖြင့် ယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာဆက်ဆံ၍ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ဖြင့် နှစ်နိုင်ငံဝင်ထွက်သွားလာမှုအခြေအနေ၊ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နီပေါနိုင်ငံသားများနှင့်ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။ (-)

Sorry, the comment form is closed at this time.