ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းသုံးသပ်ဆွေးနွေး၊ ယခင်အတွေ့အကြုံများအပေါ် မူတည်၍အားနည်းချက်၊ အားသာချက်များကိုပြန်လည်သုံးသပ်ကာ ကြိုတင်မျှော်တွေးဆောင်ရွက်ရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းသုံးသပ်ဆွေးနွေး၊

ယခင်အတွေ့အကြုံများအပေါ် မူတည်၍အားနည်းချက်၊ အားသာချက်များကိုပြန်လည်သုံးသပ်ကာ ကြိုတင်မျှော်တွေးဆောင်ရွက်ရန်မှာကြား။

နေပြည်တော်၊ စက်တင်ဘာ ၂၃ ။

မြန်မာနိုင်ငံ၏ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို (၁၀)နှစ်လျှင်တစ်ကြိမ် ကောက်ယူရန်လျာထားရာ လာမည့် ၂၀၂၄ ခုနှစ်တွင် ပြန်လည်ကောက်ယူရန် အချိန်စေ့ရောက်ပြီဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လက်ရှိနိုင်ငံတော်အစိုးရတာဝန်ယူ စဉ်ကာလအတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းကို ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းစသည့် လုပ်ငန်းစဉ်(၄)ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းကို လုပ်ငန်းအဆင့်(၈)ဆင့်ဖြင့် လပေါင်း(၃၀)ကြာ ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လုပ်နိုင်သမျှလုပ်ငန်းစဉ်များကိုအစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာလုပ်ငန်းသုံးသပ်တင်ပြခြင်းကို စက်တင်ဘာလ(၂၃)ရက် ယနေ့မွန်းလွဲ(၁)နာရီခွဲတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် နိုင်ငံတော် အစိုးရကခွင့်ပြုထားမှု၊ ယခင်ပြဋ္ဌာန်းထားသည့် ၂၀၁၃ ခုနှစ်၊ သန်းခေါင်စာရင်းဥပဒေအခြေအနေ နှင့် ဆက်လက်အသုံးပြုဆောင်ရွက်နိုင်မည့်နည်းလမ်း၊ ၂၀၁၄ ခုနှစ်နောက်ပိုင်း (၁၀)နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူရန်လိုအပ်မှု၊ သန်းခေါင်စာရင်းကောက်ယူရ သည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်လိုအပ်သည်များ ပြန်လည် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးပြီး မိမိတို့ဌာနမှ တာဝန်ယူ၍ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်တွင် အောင်မြင်အောင်ဆောင်ရွက်ပြီးဖြစ်ပါ ကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းကိုလည်း ကောက်ယူနိုင်ခဲ့ပြီး အချက်အလက်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းအချက်အလက် များသည် နိုင်ငံတော်၏စီမံကိန်းများရေးဆွဲရာတွင် အခြေခံအသုံးပြုရသည့်အတွက် တန်ဖိုးရှိသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ကို ဖော်ဆောင်ရာတွင် လိုအပ်သော အညွှန်းကိန်းများကိုလည်း ပံ့ပိုးပေးရပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် မိမိတို့ဌာန၏ အဓိကလုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် ပြည်သူ့အင်အားစာရင်းကောက်ယူထိန်း သိမ်းခြင်းလုပ်ငန်းဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း၊ ယခင်အတွေ့အကြုံများအပေါ် မူတည်၍ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ကာ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကြိုတင်သုံးသပ်မျှော်တွေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း လုပ်နိုင်သမျှလုပ်ငန်းစဉ်များကို အတတ်နိုင် ဆုံးဆောင်ရွက်သွားရမည်ဖြစ်သဖြင့် လုပ်ငန်းအချိန်ဇယားနှင့်အညီ သတ်မှတ်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းအဆင့်အလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စနစ်တကျ သုံးသပ်ဆွေးနွေးကာ လုပ်ငန်းလျာထားချက်များ၊ လိုအပ်သည့် လူအင်အား၊ နည်းပညာနှင့် စက်ကိရိယာအင်အားများကို အသေးစိတ်တွက်ချက်၍ လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့အင်အားဦးစီးဌာနရှိ လူဦးရေသတင်း အချက်အလက်နှင့် ဖွံ့ဖြိုးရေးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ မှတ်တမ်းခန်း၌ ထုတ်ပြန် ပြီးဖြစ်သော သန်းခေါင်စာရင်းမှတ်တမ်းစာအုပ်များ ထိန်းသိမ်းထားရှိမှု၊ GIS စနစ်ဖြင့် ကောက်ကွက်မြေပုံရေးဆွဲထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်မှု၊ သန်းခေါင်စာရင်းစာကြည့်တိုက်၌ စာအုပ်စာစောင်များ စုဆောင်းထားရှိမှုနှင့် ရုံးခန်းများအခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တို့တွင် ကောက်ယူခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း (၃၀)ကျော်ကြာ ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များအဖြစ် အသုံးပြု ဆောင်ရွက်လျက်ရှိသည်။ သန်းခေါင်စာရင်းကို(၁၀)နှစ်လျှင်တစ်ကြိမ် ကောက်ယူရန် လျာထားရာ ၂၀၂၄ ခုနှစ်တွင်စေ့ရောက်သည့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယခင်အတွေ့အကြုံ များအပေါ်အခြေခံ၍ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှစတင်ကာ လုပ်ငန်းအဆင့်(၄) ဆင့် ဖြင့်ကောက်ယူမည်ဖြစ်သည်။ လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်နိုင်သမျှအကောင်အထည်ဖော် လျာထားဆောင်ရွက်သွားမည် ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းစစ်၊ စာရင်းကောက်အင်အား (၄၂၀၀၀) ခန့်သည် ကောက်ကွက်ပေါင်း (၁၁၀၀၀၀)ကို CAPI စနစ် Mobile Phone/ Tablet အသုံးပြုကောက်ယူနိုင် ရေး အသေးစိတ်စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-) 

Sorry, the comment form is closed at this time.