ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများအား ဂုဏ်ပြုအမှာစကားပြောကြား၊ ဝန်ထမ်းများနှင့်တွေ့ဆုံ။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများအား

ဂုဏ်ပြုအမှာစကားပြောကြား ဝန်ထမ်းများနှင့်တွေ့ဆုံ။

နေပြည်တော်၊ ဇူလှိုင် ၁၄။

            လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၁၃) ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆိုရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပန်းခင်းစီမံချက်ကိုသတ်မှတ်ကာလ အတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင် ရွက်ပေးမှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ယခုနိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု ဖြင့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် အထွေထွေရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များ အပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဌာနမြို့နယ်ရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)နှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ် ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းပါအချက်အလက်များကို ကွန်ပျူတာများဖြင့်ဖြည့်သွင်း ၍ Online မှတဆင့် နေပြည်တော်ရုံးချုပ်ရှိ Server သို့ပေးပို့ဆောင်ရွက်လျက်ရှိရာ ယင်းအချက် အလက်များအပေါ်မူတည်၍ မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မကြာခင်ကာလ၌ ပန်းခင်းစီမံချက် အဆင့်(၂)ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုးရရှိကိုင်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ဌာနအနေ ဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် e-ID စနစ်လုပ်ငန်းတို့ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက် အရေးပါသည့်လုပ်ငန်းများဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှုရရှိမှသာ အောင်မြင်နိုင်မည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တက်ရောက်လာကြသူများအနေဖြင့် ယင်းလုပ်ငန်းများအောင်မြင်ရေးအတွက် ယခုကဲ့သို့ ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားပြီး လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား အမှတ်တရလက်ဆောင်များပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်း/ခရိုင်/မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဦးစွာ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး နှင့် တာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို အသီးသီး ရှင်းလင်းပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်အပေါ် မိမိတို့ ဝန်ကြီးဌာနနှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံတော်စီမံချက် တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်၏အရေးကြီးမှုနှင့် မဲစာရင်းမှန်ကန်ရေးအတွက် အထွေထွေရွေး ကောက်ပွဲကော်မရှင်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်အခြေအနေ၊ နိုင်ငံသားတိုင်း ကိုင်ဆောင် ကတ်ပြားတစ်မျိုးမျိုး မဖြစ်မနေရရှိကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက် အဆင့်(၂)ကို ဆက် လက်ဆောင်ရွက်သွားမည့်အစီအစဉ်နှင့် e-ID စနစ်အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်း များကြိုတင်ဆောင်ရွက်နေမှု၊ မိမိတို့ဌာနလုပ်ငန်းများအား နည်းပညာများအသုံးပြု၍ ဒီဂျစ်တယ်စနစ် သို့ ကူးပြောင်းနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံနှင့်ဌာနအပေါ် သစ္စာစောင့် သိကြရေး၊ ဌာနလုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်ပိုင်နိုင်ရေး၊ IT နည်းပညာနှင့်ဘာသာစကား တတ် ကျွမ်းရေးနှင့် ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ရေးတို့ကို အလေးထားကျင့်ကြံ ဆောင်ရွက်ကြရေး၊ ဝန်ထမ်းအချင်းချင်း အထက်အောက်ရိုသေလေးစားပြီး စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ် တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.