e-Visa(Business) ရယူထားသည့် နိုင်ငံခြားသားများအတွက် Online e-Stay Extension Website တွင် နေခွင့်သက်တမ်းတိုးခြင်း (Stay Extension) နှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa) တို့ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်းအသိပေးကြေညာချက်

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အငအားဝန်ကြီးဌာန

 

e-Visa(Business) ရယူထားသည့် နိုင်ငံခြားသားများအတွက် Online e-Stay Extension Website တွင် နေခွင့်သက်တမ်းတိုးခြင်း (Stay Extension) နှင့်

ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa) တို့ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်းအသိပေးကြေညာချက်

၁။  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ လျှင်မြန်စွာအကောင်အထည်ဖော် နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် e-Visa website ( https://evisa.moip.gov.mm ) ကို ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁) ရက်နေ့မှစတင်၍ တရားဝင်လွှင့်တင်ထားရှိပြီး ကမ္ဘာလှည့်ဗီဇာ (Tourist Visa) နှင့် လုပ်ငန်းဗီဇာ (Business Visa) ထုတ်ပေးခြင်းတို့ကို Electronic စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျှက်ရှိပါသည်။

၂။  နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် e-Visa website မှ Online ဖြင့် လျှောက်ထားရယူထားသည့် e-Visa (Business) ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအတွက် နေခွင့်သက်တမ်းတိုးခြင်း (Stay Extension) နှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa) တို့ကို e-Stay Extension website (https://estay.moip.gov.mm) တွင် ဖော်ပြထားသော သတ်မှတ်ချက်များနှင့်အညီ (၁.၂.၂၀၂၃) ရက်နေ့မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

Announcement of the Stay Extension and Re-entry Visa Service on Online e-Stay Extension Website 

1. To expedite the implementation of Myanmar’s e-government digitization and to support the development of Myanmar’s tourism industry, the Ministry of Immigration and Population launched the e-Visa Website (https://evisa.moip.gov.mm) on 1st September 2014. Tourist e-Visas and Business e-Visas have been issued electronically. 

2. In support of the economic development of the State, foreigners residing and working in Myanmar who have entered Myanmar via the e-Visa (Business) obtained from the e-Visa website can apply for a Stay Extension and Re-entry Visa at e-Stay Extension Website (https://estay.moip.gov.mm) in accordance with the stipulations. 

Ministry of Immigration and Population

Sorry, the comment form is closed at this time.