ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားနှင့် သင်္ဃန်းကျွန်း မြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း
ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့(Working Group) အဖွဲ့ဝင်များ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး။
နေပြည်တော်၊ ဇန်နဝါရီ ၁၄ ။
နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲတွင် မှန်ကန်သော မဲဆန္ဒရှင် စာရင်းပြုစုနိုင်ရေးအတွက် လူဦးရေစာရင်းမှန်ကန်စေရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့(Working Group) များဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်မှ (၃၁)ရက်အထိ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ (၁၄)ရက်၊ ယနေ့ နံနက် (၈)နာရီခွဲတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိ သူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်း၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) အဖွဲ့ ဝင်များက မြို့နယ်ရုံးများရှိ နိုင်-၄ နှင့် အထစပုံစံ (၆၆/၆) ပါ အချက်အလက်များအား e-ID Software ဖြင့် ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပါ လူဦးရေစာရင်းအချက်အလက်များအား လက်ရှိမြေပြင်လူဦးရေစာရင်းအချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ တစ်အိမ်တက်ဆင်း တိုင်ဆိုင်စစ်ဆေး ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက တိုင်ဆိုင်စစ်ဆေး သည့် လူဦးရေစာရင်းအချက်အလက်များ စနစ်တကျရေးသွင်းမှတ်တမ်းတင်ရေး၊ စာရင်းဇယား မှန်ကန်စေရေးနှင့် အများပြည်သူဖြေကြားမှု အဆင်ပြေစေရေးအတွက် အလေးဂရုပြု ဆောင်ရွက် ကြရေး စာရင်းကောက်အဖွဲ့များအားမှာကြားကာ အိမ်ရှင်မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
ထိုမှတဆင့် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့်အဖွဲ့ သည် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၄)ရပ်ကွက်၊ ကျောက်စိမ်းလမ်းအတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း လူဦးရေစာရင်းအချက်အလက်များ တိုက်ဆိုင်စစ်ဆေး မေးမြန်းရေးမှတ်ဆောင်ရွက်နေမှအခြေ အနေများကို လှည့်လည်ကြည့်ရှုအားပေးရာ ခရိုင်နှင့်မြို့နယ် မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော် မတီများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား လူဦးရေစာရင်းကောက်ယူရာ၌ တွေ့ကြုံရသည့်အခက်အခဲများအပေါ် မေးမြန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးပြီး စာရင်းကောက် အဖွဲ့များအား လူဦးရေစာရင်းအချက်အလက်များ မှန်ကန်ပြည့်စုံစေရေးအတွက် အလေးထား ဆောင်ရွက်ကြရန်မှာကြား၍ အိမ်ရှင်မိသားစုများအား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရခြင်း ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ရပ်ကွက် (၉)ရပ်ကွက်၊ အိမ်ထောင်စု ပေါင်း (၁၁၇၁၈)စု၊ ကောက်ကွက်ပေါင်း (၃၁)ကွက်ကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက်(၃၈)ရပ်ကွက်၊ အိမ်ထောင်စုပေါင်း (၇၆၆၉၅)စု၊ ကောက်ကွက်ပေါင်း (၂၀၀)ကွက်ကို လည်းကောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များဖြင့် သတ်မှတ်ကာလအတွင်း လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြီးစီး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။(-)
Sorry, the comment form is closed at this time.