ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျောက်တံတားမြို့နယ်၊ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဌာနပိုင်ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုကြည့်ရှုစစ်ဆေး၍ ဘေးအန္တရာယ်ကင်းရှင်းရေး အလေး ထား ဆောင်ရွက်ရန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကျောက်တံတားမြို့နယ်၊ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများတွင်

အသုံးပြုမည့်ဌာနပိုင်ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုကြည့်ရှုစစ်ဆေး၍ ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်မှာကြား

နေပြည်တော်၊ မေ ၁။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ မေလ (၁) ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပြည်ဝင်/ပြည်ပြန် ဝင်နှင့် နေခွင့်ပြုခြင်းဆိုင်ရာဌာနခွဲရုံးခန်းသို့ရောက်ရှိရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မော်တော်ယာဉ်၊ ရေယာဉ်ဌာနစိတ် (ရန်ကုန်) တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ဇင်ယော် (၁)၊(၂)၊(၃) ရေယာဉ်များ၏ သမိုင်းကြောင်း၊ ရေယာဉ်တစ်စီးချင်း အလိုက် ဝန်ထမ်းများ တာဝန်ချထားမှု၊ ရေယာဉ်များ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် နှစ်စဉ်ပြုပြင် ပြင်ဆင်မှုနှင့် လက်ရှိရေယာဉ် (၃)စီးအား ဒေါက်တင်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှနေ့စဉ် ပေးပို့လာသည့် နိုင်ငံတကာပင်လယ်ကူးသင်္ဘောကြီးများ ဝင်/ထွက်မှု စာရင်းအရ ဇင်ယော်ရေယာဉ်များဖြင့် လူဝင်မှုကြီးကြပ် ရေးဆိုင်ရာ လုပ်ငန်းများ သွားရောက်စစ်ဆေးဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

IMG_3819 IMG_3838 (1)

  ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျောက်တံတားမြို့နယ်၊  Yangon Innovation Centre (YIC) ရှေ့ရှိ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသည့် ဌာနပိုင် ဇင်ယော် (၁)၊ (၂)၊ (၃) ရေယာဉ် (၃) စီးအား သွားရောက်ကြည်ရှု စစ်ဆေးရာ ရှေးဦးစွာ ရေယာဉ်ဝန်ထမ်းများက ရေယာဉ်အလိုက် တာဝန်ထမ်းဆောင်မှုကို မိတ်ဆက်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနအနေဖြင့် ပြည်သူကို ထိရောက်သောဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ရသည့် ရေယာဉ်များတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအနေဖြင့်လည်း စစ်ဆေးရေးလုပ်ငန်းများကို ဥပဒေ၊ လုပ် ထုံးလုပ်နည်းများနှင့်အညီ ‌ဆောင်ရွက်ကြရန်လိုကြောင်း၊ ရေယာဉ်ဝန်ထမ်းများနှင့် စစ်‌ဆေးရေး ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စနစ်တကျ ဆောင်ရွက်ကြရန်နှင့် ရေယာဉ် များ ကြံ့ခိုင်ကောင်းမွန်စေရေး၊ မီးဘေးအန္တရယ်ကာကွယ်ရေးနှင့် လုံခြုံမှုရှိစေရေးတို့အတွက် အလေးဂရုပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ဇင်ယော်ရေယာဉ်များတွင် တာဝန်ထမ်းဆောင် ကြသည့်ဝန်ထမ်းများအနေဖြင့် သင်္ဘောသားဆိုင်ရာ အဆင့်မြင့်သင်တန်းများကို ထပ်မံ တက်ရောက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားသော ဆက်စပ်ဌာနများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ရှင်းလင်းမှာကြားသည်။

IMG_3847 IMG_3855

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဇင်ယော် ရေယာဉ် (၃)စီးအား ရေယာဉ်တစ်စီးချင်း အလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှု အခြေအနေ၊  စက်ခန်းများနှင့် ရေယာဉ်တက်မခန်း များ အခြေအနေ၊ ရေယာဉ်တစ်စီးချင်းအလိုက်  ဒေါက်တင်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် စစ် ဆေးရေးလုပ်ငန်းများထမ်းဆောင်ရန် အသင့်ဖြစ်မှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ် ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို  လိုက်လံရှင်းလင်း တင်ပြ ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.