ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်၊ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကိုလှည့်လည် ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်၊ ကံ့ကော်ပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးပြီး ဝန်ထမ်းများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကိုလှည့်လည် ကြည့်ရှုအားပေး။

နေပြည်တော်၊ ဇွန် ၁၂ ။

          ရေဝေရေလဲစနစ် မှန်ကန်စေရေးနှင့် မြေဆီမြေလွှာခမ်းခြောက်မှုကို ထိန်းသိမ်းနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ဥတုရာသီ ညီညွတ်မျှတမှုရှိစေရေး၊ သင်တန်းကျောင်း အဆောက်အဦများ လေပြင်းဒဏ်ကာကွယ်နိုင်ရေးနှင့် သင်တန်းကျောင်းပတ်ဝန်းကျင် စိမ်းလန်း စိုပြေသာယာလှပစေရေးစသည့် ရည်ရွယ်ချက်များဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်ကို ဇွန်လ (၁၂) ရက်၊ ယနေ့မွန်းလွဲ (၃) နာရီခွဲက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်း ကျောင်း၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများ၊ သန်းခါင်စာရင်းဆိုင်ရာ အုပ်ချုပ်မှုသင်တန်းတက်ရောက်နေသည့် သင်တန်းသားများ တက်ရောက်ကြသည်။

IMG_5767

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သင်တန်းကျောင်းဝန်းသတ်မှတ် နေရာ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေး၍ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ကံ့ကော်ပျိုးပင်များကို စိုက်ပျိုးပေးကြပြီး တက်ရောက်လာကြသည့် ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ တမာစသည့် အရိပ်ရ နှစ်ရှည်ပင်နှင့် ပန်းအလှပင်များကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုး ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။

IMG_5818

          အဆိုပါ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်း ပရဝုဏ်အတွင်း ကံ့ကော်၊ ခရေ၊ ပိတောက်၊ တမာစသည့် နှစ်ရှည်ပင် အပင်(၆၀) စီ၊ စုစုပေါင်း အရိပ်ရသစ်ပင်ပျိုးပင်(၂၄၀) အား  တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.