ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တနင်္သာရီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့တက်ရောက်၊ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား အားပေးစကားပြောကြား၊ ပန်းခင်းစီမံချက်အဆင့်(၃)ကွင်းဆင်း ဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တနင်္သာရီတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့တက်ရောက်၊ လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများအား အားပေးစကားပြောကြား၊ ပန်းခင်းစီမံချက်အဆင့်(၃)ကွင်းဆင်း ဆောင်ရွက်ပေးမှု ကြည့်ရှုအားပေး။

နေပြည်တော်၊ ဇွန် ၂၀။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်း ဆိုင်ရာတွေ့ဆုံပွဲကို ဇွန်လ(၂၀) ရက် ၊  ယနေ့နံနက် (၉) နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

IMG_7111

IMG_7128

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ရာ အချိန်ကာလ(၃)လကျော်ခန့်သာ ကျန်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်၏ သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ညသန်းခေါင်ယံအချိန်ကိုသတ်မှတ် ထားပြီး ၂၀၂၄ ခုနှစ်၌ ရှိမည့် ခန့်မှန်းလူဦးရေ (၅၆) သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု (၁၃) သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း (၁)သိန်း (၁)သောင်းခန့်ရှိမည်ဖြစ်ရာ သန်းခေါင်စာရင်းကောက်ယူရာ တွင် စာရင်းစစ်၊ စာရင်းကောက် (၄)သောင်း (၂)ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအနေဖြင့် ကောက်ကွက်ပေါင်း (၂၆၀၀) ကျော်ဖြင့် ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက်   (၁၀၀၀) ကျော်ဖြင့် ကောက်ယူရန်  လျာထားပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း လုံခြုံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်မှုအခက်အခဲ များကြောင့် သတ်မှတ်ရက်အတွင်းကောက်ယူရန်ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူ နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက်မေးခွန်း(၁၈)ခု ဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူမည်  ဖြစ်သည့်အတွက်  ပြည်သူများအနေဖြင့် မေးခွန်းများကိုမှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းကူညီနိုင်ရေးအတွက် ပြည်သူလူထုအသိပညာပေး လုပ်ငန်းများကိုလည်း ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ယခုအခါ နေပြည်တော်ရုံးချုပ်တွင် သန်းခေါင်စာရင်းဆိုင်ရာ အုပ်ချုပ်မှုသင်တန်းများ ဖွင့်လှစ်လျက်ရှိပြီး လာမည့်ဩဂုတ်လမှစ၍ သန်းခေါင်စာရင်းဆိုင်ရာ နည်းပြသင်တန်းအပါအဝင် သင်တန်းအဆင့်ဆင့်ကို ဖွင့်လှစ်သွားမည်ဖြစ်ရာ မြို့နယ်အလိုက် ဆင့်ပွားသင်တန်းများဖွင့်လှစ် နိုင်ရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်ထားကြရမည်ဖြစ်ပါကြောင်း၊ ယခုသန်းခေါင်စာရင်း ကို နည်းပညာအသုံးပြု၍ Tablet များဖြင့် ကောက်ယူပြီး ရုံးချုပ်သို့ Online စနစ်ဖြင့်ပေးပို့ ဆောင်ရွက်မည်ဖြစ်သည့်အတွက် အချက်အလက်များကို မှန်မှန်နှင့်မြန်မြန် သိရှိဆောင်ရွက် နိုင်မည်ဖြစ်ပြီး ရှေ့ပြေးလူဦးရေစာရင်းကိုလည်း အချိန်တိုတိုအတွင်း သိရှိထုတ်ပြန်နိုင်မည် ဖြစ်ကာ မဲစာရင်းပြုစုရာတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ စီမံချက်ပါ လုပ်ငန်းများကို သတ်မှတ်ကာလအတိုင်း ပြီးမြောက်အောင်မြင်ရေးအတွက် ကော်မတီအဆင့်ဆင့် က ကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်အတွက် မဖြစ်မနေအောင်မြင်အောင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ  အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အားလုံးကတက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

          ထို့နောက် တနင်္သာရီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူရေးအတွက် လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး ဆိုင်ရာလုပ်ငန်းများတွင် ထိထိရောက်ရောက်အသုံးပြု ဆောင်ရွက်နိုင်ရေး အခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့် ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။ထို့နောက်ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ချိုက လက်ခံရယူပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အသုံးပြုမည့်ပစ္စည်းများ ခင်းကျင်းပြသ ထားမှုအား ကြည့်ရှုအားပေးပြီးနောက် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

          ထိုမှတစ်ဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်တိုင်းဒေသကြီးပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ပြည့်စုံလင်းတို့သည် မြိတ်မြို့ရှိ နယ်မြေခံတပ်၌ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်ဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရေးအတွက် မိမိဆန္ဒအ‌လျှောက်သင်တန်းတက်ရောက်ကြမည့်သင်တန်းသားများ အားဂုဏ်ပြုအားပေးစကားအသီးသီးပြောကြားကြသည်၊၊

          ထိုနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့သည် ပြည်သူ့ စစ်မှုထမ်းသင်တန်းသားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့် ထောက်ပံ့ပစ္စည်း များကို သင်တန်းသားတစ်ဦးချင်းဆီသို့ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်၊၊

IMG_7251

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြိတ်မြို့၊ ဘုရားငါးဆူစာသင်တိုက်၊ ဓမ္မာရုံ၌ မြိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  ဒေသခံပြည်သူများ အား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံတော်မှ ဖွဲ့စည်းထားသည့် (၅)ဦးကော်မတီ၏စိစစ် ချက်အရ အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားစိစစ် ထုတ်ပေးခြင်း စသည့်လုပ်ငန်းစဉ်အဆင့်ဆင့် ကွင်းဆင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု အားပေးကာ လာရောက်ဆောင်ရွက်သူပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေး၍ ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည်နိုင်ငံသားကတ်ပြား ရရှိပြီးသူများအား ရုံးချုပ်e-ID Server ရှိ အချက်အလက်များအား Online စနစ်ဖြင့်တိုက်ဆိုင် စိစစ်၍ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုကို လှည့်လည် ကြည့်ရှု့ပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံ ရှင်းလင်းတင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားညှိနှိုင်း ဆောင်ရွက်ပေး၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်၊၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဘုရားငါးဆူ စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကဝိသာရာလင်္ကာရအား သွားရောက်ဖူးမြော် ကြည်ညို၍ သာသနာရေးဆိုင်ရာများ  လျှောက်ထားကာ လှူဖွယ်ဝတ္တုများနှင့်အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်၊၊ (-)

 

Sorry, the comment form is closed at this time.