ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြိတ်မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှု့အားပေး၊ ပြည်သူ အပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရေး အလေးထားဆောင်ရွက် ရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြိတ်မြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်()ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှု့အားပေး၊ ပြည်သူ အပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရေး အလေးထားဆောင်ရွက် ရန်မှာကြား။

နေပြည်တော်၊ ဇွန် ၁၉။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ (၁၉) ရက် ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိတ်မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူ၊ လဲလှယ် လျှောက်ထားသူ၊ အိမ်ထောင်စု ပြောင်းဝင်/ပြောင်းထွက်ဆောင်ရွက်သူ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားကတ်ပြား စိစစ်ဆောင်ရွက် ပေးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်သူ ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများ မေးမြန်းဆွေးနွေး၍လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးပြီး နိုင်ငံသားကတ်ပြားထုတ်ပေးပြီးသူများအား e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်းဆောင်ရွက် ထုတ်ပေးနေမှုအခြေအနေများကိုလှည့်လည် ကြည့်ရှု့အားပေးသည်။

IMG_6993

      ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများ ထိန်းသိမ်း ထားရှိမှုနှင့်မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ ရုံးစာရွက်စာတမ်းများနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးဖိုင်များစနစ်တကျ လုံခြုံစွာထိန်းသိမ်းထားရှိဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ် တားဆီးဆောင်ရွက်ရေးမှာကြားကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

      ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့၊ ပုလဲရတနာခန်းမ၌ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်များအပြင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အရေးကြီးဆုံးအချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးသည် လွန်စွာအရေးကြီးသဖြင့် တိကျမှန်ကန်သည့် မဲစာရင်းပြုစုနိုင်ရန် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင်လာမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဆိုင်ရာ အသိအမှတ်ပြုကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေး လုပ်ငန်းများကို ပန်းခင်းစီမံချက်များရေးဆွဲကာ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယင်းနောက် နိုင်ငံသားကတ်ပြားရရှိပြီးသူများ၊ အသစ်ထုတ်ပေးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ၍ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေး ရေးလုပ်ငန်း၊ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း စသည့်လုပ်ငန်းများကိုလည်း အနှောက်အယှက်အမျိုးမျိုးကြားက အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစဉ်အားလုံးသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသကဲ့သို့ တစ်ခုနှင့်တစ်ခုအချိတ်အဆက်မိမိ သတ်မှတ် ထားသည့်အချိန်ကာလအတွင်း ပြီးစီးရမည့်လုပ်ငန်းပမာဏအတိုင်း ပြီးစီးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဌာနဝန်ထမ်းများသည် ပြည်သူနှင့်တိုက်ရိုက် ထိတွေ့ ဆက်ဆံဆောင်ရွက်၍ ဝန်ဆောင်မှုပေးရသည့်အတွက် ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် လာဘ်ပေးလာဘ်ယူမှုကင်းရှင်းရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်း အချင်းချင်း အထက်အောက်အပြန်အလှန်လေးစားယုံကြည်ကာ မိသားစုသဖွယ် စည်းလုံး ညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်း လိုအပ်ချက်များရှိပါကလည်း ပွင့်ပွင့်လင်းလင်းတင်ပြကြရန်နှင့် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

IMG_7019

IMG_7024

      ထို့နောက် ဝန်ထမ်းများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လုပ်ငန်း ဆိုင်ရာအခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။(-)

 

Sorry, the comment form is closed at this time.