ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ပွဲ သို့တက်ရောက်၍ Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ၊ ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ

ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ပွဲ သို့တက်ရောက်၍ Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

နေပြည်တော်၊ ဇူလိုင် ၄။

      ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ Bill Boardများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ  ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ပျဉ်းမနားခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာအသိပညာပေး Bill Board စိုက်ထူပွဲကို ဇူလိုင်လ (၄)ရက် ယနေ့နံနက် (၈) နာရီခွဲက ပျဉ်းမနားမြို့နယ်၊ မြင်းရတနာအနီး မြို့တွင်းလမ်းဆုံ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်း ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာနှင့်ပန်းပွားအကအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်၊၊

IMG_8080 IMG_8169

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ဇင်နှင့် တာဝန်ရှိသူများသည် Bill Board ရှေ့သတ်မှတ်နေရာများ၌ နေရာယူကြပြီးနောက် မင်္ဂလာအချိန်တွင် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘင်ခရာနှင့်ပန်းပွား အကအဖွဲ့များအား ဂုဏ်ပြုဆုငွေ များပေးအပ်၍ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူ များနှင့်အတူ ခရီးသွားပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်းနှင့်  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို လာမည့် အောက်တိုဘာလ(၁)ရက်မှ(၁၅)ရက်အတွင်း ကောက်ယူမည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ပြည်သူလူထုအသိပညာပေး Bill Board များကို ဥက္တရသီရိ၊ ဇေယျာသီရိ၊ လယ်ဝေးနှင့် ပျဉ်းမနားခရိုင်အတွင်းရှိ မြို့ကြီးများ၏ လူစည်ကားရာနေရာများတွင် စိုက်ထူဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.