ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး

 နေပြည်တော်၊ဩဂုတ် ၆  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား ဩဂုတ်လ (၆) ရက်၊ ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

IMG_9797

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံတွင် လာမည့်အောက်တိုဘာလ အတွင်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များဆောင်ရွက်နေမှုနှင့် လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ဒေသအချို့တွင် ရက်တိုးမြှင့် ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်၊ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ အရေးကြီးမှုနှင့် မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအပေါ် လိုအပ်သည်များရှိပါက ထိုင်းနိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည့်အခြေအနေ၊ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ပေးနေမှုနှင့် မြန်မာနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအား ရှာဖွေကူညီ ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူ များ တရားဝင် ဝင်/ထွက်သွားလာနိုင်ရေးနှင့် တရားမဝင် ဝင်/ထွက်မှုမရှိစေရေးအတွက် နှစ်နိုင်ငံ တာဝန်ရှိသူအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ နှစ်နိုင်ငံ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် Online ဂိမ်းများဖြင့် လိမ်လည်မှုများဆောင်ရွက်နေသူများအား ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအတွက် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.